DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် သမ၀ါယမအသင်းများကို ကျပ်သန်း ၁၇ဝ၀၀ ကျော် ထုတ်ချေးခဲ့
DVB
·
July 22, 2018
ကချင်ပြည်နယ် သမ၀ါယမအသင်းများကို ကျပ်သန်း ၁၇ဝ၀၀ ကျော် ထုတ်ချေးခဲ့
Donate to DVB

ချေးငွေစုစုပေါင်း ကျပ်သန်း ၁၇ဝ၇၇ ကျော်ကို ကချင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတွေကို ထုတ်ချေးပေးခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ ပြည်နယ် သမဝါယမဦးစီးဌာနရုံးမှာ ဇူလိုင်လ ၂ဝ ရက်နေ့က ၁ဝ ကြိမ်မြောက် အသေးစား အရင်းအနှီးချေးငွေပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တာပါ။

ဒီ ချေးငွေ စုစုပေါင်း ကျပ်သန်း ၁၇ဝ၇၇ ဒသမ ၇ဝ၃၇ ကို ကချင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတွေကို အသေးစား ရင်းနှီးချေးငွေ၊ လယ်ယာသုံး စက်ကိရိယာ၊ လယ်ယာအဆင့်မြှင့်တင်ရေးနှင့် အသင်းများဘက်စုံဖွံ့ဖြိုးရေးအတွက် ထုတ်ချေးပေးတာပါ။

ကချင် ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင် ၄ ခုအတွင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၁၃ မြို့နယ်မှာ အသင်းပေါင်း ၄၈၁ သင်း၊ အသင်းသား ၄၃၁၅၆ ဦးတို့ထံ အသေးစားအရင်းအနှီးချေးငွေ ကျပ်သန်း ၁၆၄၃၃.၇၃၆၇ နဲ့ လယ်ယာသုံးစက်ကိရိယာ ၂၇ စီးအတွက် ပံ့ပိုးချေးငွေ သန်း ၁ဝ၆.၃၄ဝ၊ လယ်ဧက ၁၈၈၁.ဝ၉ အတွက် လယ်ယာမြေ အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်ဖို့အတွက် ပံ့ပိုးချေးငွေကျပ်သန်း ၄၈၇.၆၂၇ နဲ့ အသင်းများဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအတွက် ပံ့ပိုးချေးငွေကျပ်သန်း ၅ဝ.ဝဝ၀ စုစုပေါင်း ပံ့ပိုးချေးငွေကျပ်စုစုပေါင်း သန်း ၁၇ဝ၇၇ ဒသမ ၇ဝ၃၇ ကို ထုတ်ပေးတာပါ။

ဇူလိုင်လ ၂ဝ ရက်နေ့က ပြုလုပ်တဲ့ အခမ်းအနား ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက ပြည်နယ်အတွင်း သမဝါယမ လုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေကိုရှင်းပြခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013