DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 21, 2018
Donate to DVB

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက အဟောင်းက ပိဿာ ၆ဝ ဝင် တအိတ်ကို ၄၅ဝဝဝ ပေါက်ဈေးရှိပြီးတအိတ်ကို ၅ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတာ့ အဟောင်း တအိတ်ကို ၄၅၆ဝဝ ပေါက်ဈေးရှိပြီးတအိတ်ကို ၃ဝဝ ကျပ်ဈေးတက်လာပါတယ်။မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇ ဒသမ ၂၅ ပိဿာ ဝင် တအိတ်ကို ၆၉ဝဝဝ ကနေ ၇ဝဝဝဝ ပေါက်ဈေးရှိပြီးတအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၉၆ဝဝ ပေါက်ဈေးရှိပြီးတအိတ်ကို ၆ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၄ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

စွန်တာပဲ

မန္တလေးကုန်စည်ဒိုင်မှာ စွန်တာပဲရိုးရိုးက  ၅၉ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၆ဝဝဝဝ ပေါက်ဈေးရှိပြီးပခုက္ကူကုန်စည်ဒိုင် မှာတော့ တအိတ်ကို ၆၃၆ဝဝ ပေါက်ဈေးရှိပါတယ်။မန္တလေး နဲ့ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၃၆ဝဝ ကျပ်ဈေးကွာခြား မှုရှိပါတယ်။

နှမ်းနက်

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က  ၄၅ ပိဿာဝင် တအိတ်ကို ၁၃ဝဝဝဝ ကနေ ၁၃၅ဝဝဝ ပေါက်ဈေးရှိပြီးတအိတ်ကို ၁ဝဝဝဝ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂ဝဝဝဝ ကနေ ၁၃၅ဝဝဝ ပေါက်ဈေးရှိပါတယ်။

မန္တလေး နဲ့မုံရွာကုန်စည်ဒိုင် အနိမ့်ဆုံးဈေး ၁ဝဝဝဝ ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက အဟောင်းက တအိတ်ကို ၁၂၁ဝဝဝ ကနေ ၁၂၂ဝဝဝ ပေါက်ဈေးရှိပြီးတအိတ်ကို ၂ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ နှမ်းညိုက တအိတ်ကို ၁၁၈၁၂၅ ကျပ်ပေါက်ဈေးရှိ ပြီး တအိတ်ကို ၂၂၇၅ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင်တအိတ်ကို ၃၈၇၅ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁၆၈ဝ ကနေ ၁၆၉ဝ ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၇ဝဝ ကနေ ၁၇၁ဝ ကျပ်ရှိပါတယ်။

မန္တလေး နဲ့မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၂ဝ ကျပ်ဈေးကွာခြား မှုရှိပါတယ်။

 

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013