DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့ညောင်ပင်ဈေးကို ပြောင်းရွှေ့ခိုင်း
DVB
·
July 18, 2012
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့က ညောင်ပင်ဈေးကို မြို့နယ်တာဝန်ရှိသူတွေက လာမယ့် အောက်တိုဘာလကုန် နောက်ဆုံးထားပြီး ပြောင်းရွှေ့ခိုင်းထားတာကြောင့် မပြောင်းရွှေ့ချင်တဲ့ ဈေးသည်တွေ မကျေမနပ် ဖြစ်နေကြပါတယ်။

မိုးညှင်းမြို့က ညောင်ပင်ဈေးဟာ မြို့အင်္ဂါရပ်နဲ့ မညီတဲ့အတွက်  ဦးနေ၀င်းခတ်က တည်ထောင်ထားတဲ့ အောင်သပြေဈေးဆီကို ပြောင်းဖို့ မြို့နယ်အာဏာပိုင်တွေက ပြီးခဲ့တဲ့လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်မှာ မလိုက်နာရင် အရေးယူမယ်လို့ ပါရှိတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အဲဒီလို သတိမပေးမီ တပတ်ခန့်က ဈေးပြောင်းရွှေ့ဖို့ ဈေးကော်မတီက ပြောဆိုခဲ့တယ်လို့ ဈေးသည်တဦးက ပြောပါတယ်။

“ဇွန်လ ၅ ရက် ၂၀၁၂ ခုနှစ် ညောင်ပင်ဈေးက ဈေးသူဈေးသား၊ ဈေးကော်မတီကို အစည်းအဝေးခေါ်တယ်။ အဲ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးက ဘယ်အချိန်ပြောင်းမလဲ၊ ဘယ်နေရာပြောင်းမလဲ၊ သတ်မှတ်တဲ့နေ့မှာ ဈေးဆက်ရောင်းမယ်ဆိုရင် ဈေးမိဈေးဖတွေနဲ့ ဈေးသူဈေးသားအားလုံးကို အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။”

“စည်ပင်သာယာ လက်ထောက်ညွှန်ကြားရေးမှူးကကျတော့ ညောင်ပင်ဈေးက ဈေးသူဈေးသားတွေ ၁၀ လပိုင်းမှာ ရွှေ့ကိုရွှေ့ရမယ်။ မြို့အင်္ဂါရပ်နဲ့ မညီဘူးပေါ့။ ရွှေ့ရမယ်ဆိုရင် လျှောက်လွှာတင်ရမယ်။ ဈေးဆိုင်တွေအားလုံး ကော်မတီဖွဲ့ရမယ်။ ဈေးဆိုင်တွေကို မဲစနစ်နဲ့ရွေးမယ်။ စည်ပင်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ညွှန်ကြားတဲ့အတိုင်း မလိုက်နာဘူးဆိုရင် လုပ်ထုံးလုပ်နည်း ဥပဒေအရ အရေးယူမယ်။ ဒီဈေးရွှေ့တာကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ၂၀၁၂ ခုနှစ် ၁၀ လပိုင်း ၃၁ ရက်နေ့မှာ လုံးဝ ပြောင်းကို ပြောင်းရမယ်တဲ့။”

ဈေးသည်တွေက အောင်သပြေဈေးဟာ လမ်းပန်းဆက်သွယ်မှု မကောင်းသလို ခိုင်မာမှုမရှိတဲ့အတွက် မပြောင်းချင်ဘူးလို့ တင်ပြခဲ့ကြပေမယ့် မဖြစ်မနေ ပြောင်းရွှေ့ခိုင်းနေတာလို့ သူက ပြောပါတယ်။

“မိုးညှင်း ဒီဂရီကောလိပ်ကျောင်းအုပ် ဒေါက်တာကြည်ရွှင်က ဒီဈေးကို အတည်တကျဖြစ်နေတဲ့အတွက် လက်လုပ်လက်စားတွေ ထိခိုက်သွားမှာ စိုးလို့ ဈေးသူဈေးသားအားလုံးကို နစ်နာသွားအောင် မဆောင်ရွက်သင့်ဘူးပေါ့။ ဘယ်အချိန်ပြောင်းမလဲ အတင်းအကျပ် မလုပ်ဆောင်သင့်ဘူးပေါ့။ နောက်ပြီး မြို့ပေါ်မှာ ရှိတဲ့ ကျောင်းသားကျောင်းသူတွေက ဒီဈေးလေးကို အားထားပြီး အလွယ်တကူ ၀ယ်ယူစားသုံးနေတယ်လို့ ပြောတုန်းရှိသေးတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ခင်ဗျား ဘာမှ မသိဘူး။ ဘာမှမပြောတော့နဲ့ ဆိုပြီး ထတားတယ်။ ညောင်ပင်ဈေးက ဦးမောင်အေးက ထပြောခွင့်ရတယ်၊ အဲဒီပြောင်းရွှေ့ထားတဲ့ဈေးက ပါတီကောင်စီခေတ်ကတည်းက တည်ထားတဲ့ဈေး အခုထိလည်း မစည်ကားဘူး။ အဲဒီနေရာကို ရွှေ့ရရင် ဈေးသူဈေးသားတွေလည်း သယ်ယူစရိတ်တွေ ထောင်းလာမယ်။ ရထားဂိတ်၊ ကားဂိတ်တွေ ဝေးလာတဲ့အတွက် ရောင်းဝယ်ဖို့ အချက်အချာမကျဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးက ထပြောတယ်။ အထက်က ညွှန်ကြားတဲ့အတိုင်း ဒီဈေးကို ၃၁ ရက် ၁၀ လ ၂၀၁၂ မှာ ပြောင်းကို ပြောင်းရမယ်။ မရွှေ့ရင် ပုဒ် ၃၀၅ နဲ့ အရေးယူဆောင်ရွက်မယ်လို့ ခြိမ်းခြောက်တယ်။”

အခုအခါ အာဏာပိုင်တွေက ဈေးပြောင်းရွှေ့ဖို့နဲ့ ဈေးနေရာအတွက် လျှောက်လွှာတင်ဖို့ ဈေးမှာ စာတွေကပ်နေတယ်လို့ ဆိုပါတယ်။

ညောင်ပင်ဈေးဟာ ၂၀၀၃ ခုနှစ်က အခွန်လွတ်ဈေးအဖြစ် သတ်မှတ်ပြီး  မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးတင်ဝင်းက ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဈေးဟာ ၂၀၀၅ ခုနှစ်ကျမှ စည်ကားလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013