DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် ဆယ်ကျော်သက် မိန်းကလေး ၃ ဦး မုန့်ထွက်စားရာမှ ပျောက်ဆုံးနေ
DVB
·
July 21, 2018
မြောင်းမြတွင် ဆယ်ကျော်သက် မိန်းကလေး ၃ ဦး မုန့်ထွက်စားရာမှ ပျောက်ဆုံးနေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ ဆွေမျိုးနီးစပ်တော်စပ်တဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၃ ယောက်ဟာ ဇူလိုင်လ ၂ဝ ရက်နေ့လယ်ပိုင်းက အပြင်မှာ မုန်ထွက်ဝယ်စားရာကနေ ပျောက်ဆုံးသွားလို့ မိဘတွေက လာတိုင်ကြားထားကြောင်း ရဲစခန်းက ပြောပါတယ်။

ပျောက်ဆုံးနေသူတွေကတော့ မြောင်းမြမြို့ အမှတ် ၇ ရပ်ကွက် ရွှေဂုံတိုင် ၂ လမ်းမှာ နေထိုင်တဲ့ မအိရွှေစင် အသက် ၁၆ နှစ်၊ မချစ်ပိုပို အသက် ၁၅ နှစ်နဲ့ မအေးပြုံးကျော် အသက် ၁၇ နှစ် တို့ဖြစ်တယ်လို့ မြောင်းမြရဲစခန်းက ပြောပါတယ်။

“စခန်းမှာတော့ လာအကြောင်းကြားထားတယ်။ ကလေးတွေက မုန့်ထွက်စားရင်း ပျောက်သွားတယ်လို့ လာတိုင်တာခင်ဗျ သူမိဘတွေက အလုပ်လုပ်တယ်ပဲပြောတာ ဘာရယ်တော့မပြောဘူးခင်ဗျ။ အခုက စုံစမ်းတဲ့အဖွဲ့ ဖွဲ့ပြီးစုံစမ်းနေတယ်” လို့ မြောင်းမြရဲစခန်းက တာဝန်ရှိရဲအရာရှိတဦးက ပြောပါတယ်။

မိဘတွေရဲ့ ဆွေမျိုးတော်စပ်သူတွေ၊ အသိတွေ ပြောစကားအရ ကလေး ၃ ဦးဟာ လျှပ်စစ်ပစ္စည်းတွေ တင်ဆောင်တဲ့ ကားတစီးနဲ့ ပါသွားတာဖြစ်ပြီး ၁၁၅ မိုင်မှာရှိတဲ့ ထမင်းဆိုင်တခုမှာ ဝင်စားခဲ့တာကို တွေ့မြင်ခဲ့ကြောင်း ဆက်သွယ်အသိပေးထားတယ်လို့ ပျောက်ဆုံးနေတဲ့ ကလေးမိဘတွေက ပြောပါတယ်။

“အိမ်နားမှာ အလုပ်လုပ်နေတုန်း အပြင်မုန့်ထွက်စားမယ်ပြောပြီး ထွက်သွားတာ အခုချိန်ထိ ပြန်မရောက်လာပဲ ပျောက်နေတာပါ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း မြောင်းမြရစခန်းကို တိုင်ကြားထားပါတယ်။ အခုထိတော့ ပြန်မတွေ့သေးပါဘူး” လို့ ပျောက်ဆုံးနေတဲ့ မအိရွှေစင်ရဲ့ ဖခင်က ပြောပါတယ်။

ကလေး ၃ ဦး ပျောက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြောင်းမြမြို့မရဲစခန်းက ကလေးတွေ အမြန်ဆုံး ပြန်လည်တွေ့ရှိစေဖို့ ဆောင်ရွက်နေပြီး ဓာတ်ပုံပါကလေးတွေကို တွေ့ရှိပါကလည်း မြောင်းမြမြို့မရဲစခန်း ဖုန်း ဝ၄၂-၇ဝ၃၁၄ ကို ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013