DVB Logo
Home
မြန်မာသတင်း
ရဟန်းသာမဏေအချို့၏ ပြစ်မှုများ အုပ်ချုပ်ရေးအဖွဲ့၊ ရဲ၊ သာသနာရေးနှင့်တရားရေး ပူးပေါင်းသင့်
DVB
·
July 21, 2018
ရဟန်းသာမဏေအချို့၏ ပြစ်မှုများ အုပ်ချုပ်ရေးအဖွဲ့၊ ရဲ၊ သာသနာရေးနှင့်တရားရေး ပူးပေါင်းသင့်
Donate to DVB

ရဟန်းသာမဏေတချို့ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့၊ သာသနာရေး ရုံးတွေနဲ့ တရားရေးဌာနတို့နဲ့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သင့်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

အခုကျင်းပနေတဲ့ ၄၇ ပါးစုံညီ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အစည်းအဝေး ပထမနေ့ ဇူလိုင် ၂ဝ ရက်နေ့က လျှောက်ထားခဲ့တာပါ။

နိုင်ငံတော်အတွင်း ရဟန်းသာမဏေတချို့တို့ရဲ့ ရဟန်းသိက္ခာ၊ သမဏေ သိက္ခာနဲ့ မလျော်ညီ သမဏ သာရုပ္ပ မဖြစ်တဲ့ မှုခင်းတွေကို အရင်က အသေးအဖွဲ့ မှုခင်းတွေအနေနဲ့ပဲ တွေ့မြင်ကြားသိနေရပေမယ့် အခုအခါ ကျူးကျော်ကျောင်းဆောက်လုပ်နေထိုင်တာ၊ ကျူးကျော်ကျောင်းက ထွက်ခွာပေးရေး သံဃနာယက အဖွဲ့တွေက သြဝါဒပြုရာမှာ မလိုက်နာတဲ့အပြင် အုပ်စုဖွဲ့ တုန့်ပြန်တာ၊ မာတုဂါမတွေနဲ့ မသင့်မလျော်နေထိုင်တာ၊ သက်ငယ်မုဒိန်း ကျူးလွန်တာ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တွေကို ကိုယ်တိုင်မောင်းနှင်ပြီး ယာဉ်တိုက်မှု ကျူးလွန်တာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု စတဲ့ မကြားဝံ့ မနာသာတဲ့ ကြီးမားတဲ့ ပြစ်မှုတွေကို ကျူးလွန်လာတာလည်း ကြားသိလာရတယ်လို့ ဆိုပါတယ်။

ဝိနည်းသိက္ခာနဲ့ မညီတာတွေ မဖြစ်စေဖို့ ဈေးတွေ၊ ကားဂိတ်၊ လှေဆိပ်တွေ၊ စားသောက်ဆိုင်တွေကို လှည့်လည်ကွင်းဆင်းပြီး သံဃာ့ အခြေခံစည်းမျဉ်းတွေနဲ့ အညီ အရေးယူတာတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။

အောက်ခြေအဆင့်တွေမှာ အားနည်းနေလို့ မြို့နယ်၊ ပြည်နယ်နဲ့ တိုင်းအဆင့်မှာပြီးရမယ့် အမှုတွေဟာ နိုင်ငံတော်အဆင့်ကိုရောက်လာပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ညှိနှိုင်းရက်တွေကို ၃ ရက်ကနေ ၄ ရက်အထိ တိုးမြှင့်ဆောင်ရွက်နေရတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013