DVB Logo
Home
မြန်မာသတင်း
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတောင်လမ်းပိုင်း မြေပြို၊ ကားအစီးရေ ၅၀ ခန့် ပိတ်မိ
DVB
·
July 21, 2018
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတောင်လမ်းပိုင်း မြေပြို၊ ကားအစီးရေ ၅၀ ခန့် ပိတ်မိ
Donate to DVB

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇောင်းလေးရွာအနီး မိုင်တိုင် ၄၅ မှာ ဒီနေ့ မနက်ပိုင်းက တောင်ပေါ်လမ်းပိုင်း မြေပြိုမှု ဖြစ်ပေါ်နေတာကြောင့် ကားအစီးရေ ၅၀ လောက် ပိတ်မိနေတယ်လို့ တောင်ပေါ်ကား ယာဉ်မောင်း ကိုထွန်းမင်းက ပြောပါတယ်။

"မနက်ကတည်းက ဖြစ်နေတာ ခု ၂ နာရီကျော်ထိ လမ်းပိတ်နေတယ်။ သက်ဆိုင်ရာကတော့ လမ်းကို ချဲ့ပြင်ပေးနေတယ်။ ခရီးသည်တွေကတော့ စောင့်နေရတာ အချိန် လေးနာရီကျော် ကြာနေပြီ။"

ခရီးသည်တဦးက "လမ်းပိုင်းက မိုးရာသီ မဟုတ်ဘဲ မိုးရွာရင်ကို ဖြစ်နေတာ။ ဒါကို အမြဲ ရင်ဆိုင်ရတယ်။ ကျန်တဲ့အချိန်တွေမှာတောင် လမ်းချဲ့ထွင်နေတာနဲ့ အဆင်းအတက်ကားတွေက ၁ နာရီခြားတခါ လမ်းပြုပြင်တဲ့ လုပ်ငန်းနဲ့ ခရီးသွားကားတွေ တလှည့်စီ အချိန်ပေး လုပ်နေရတယ်" လို့ ပြောပါတယ်။

ချင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး အထူးခက်ခဲတဲ့ ပြည်နယ်တခုဖြစ်ပြီး လမ်းပိုင်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် စားသောက်ကုန်တွေလည်း ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ရင်ဆိုင်ခံစားနေရပါတယ်။

ချင်းပြည်နယ် ကားလမ်းပိုင်းတွေဟာ မိုးကျရာသီ အခက်အခဲကို နှစ်စဉ် ရင်ဆိုင်နေရတာပါ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013