DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် ဆိုးဆိုးရွားရွား ရေကြီးရေလျှံနေမှု မြင်ကွင်း (ရုပ်သံ)
DVB
·
July 21, 2018
တနင်္သာရီမြို့နယ်တွင် ဆိုးဆိုးရွားရွား ရေကြီးရေလျှံနေမှု မြင်ကွင်း (ရုပ်သံ)
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးလို့ စာသင်ကျောင်း ၆၂ ကျောင်းပိတ်ထားရပြီး ရေဘေးရှောင်လူဦးရေ ၁၇ဝဝ ကျော်ရှိနေပြီလို့ သိရပါတယ်။

တနင်္သာရီဖြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး အထူးသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဆိုးရွားစွာ ဖြစ်နေတာပါ။

ဒီဗွီဘီသတင်းထောက် သွားရောက်ရိုက်ကူးထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စာသင်ကျောင်းတွေ၊ လူနေအိမ်တွေ ဆိုးဆိုးရွားရွား ရေနစ်မြုပ်နေတာတွေ့ရပြီး တပ်မတော်သားတွေကလည်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေကြတာ တွေ့ရပါတယ်။

ကားလမ်းတွေ ရေကျော်နေပြီး တနင်္သာရီမြို့နယ်အတွင်းက ကျေးရွာ ၃၀ လောက် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရေဘေူးဒုက္ခသည် ကူညီကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားပြီး အဲဒီစခန်းတွေမှာ ရေဘေးရှောင် လူဦးရေ ၁၇၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။  မြို့နယ်တာဝန်ရှိသူတွေနဲ့ အလှူရှင်တွေက ထောက်ပံ့ကူညီမှုတွေ လုပ်ပေးနေပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကတည်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာပါ။

ရုပ်သံ - အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013