DVB Logo
Home
မြန်မာသတင်း
ရေးမြို့တွင် စက်လှေတိမ်းမှောက်၊ လူ ၁ ဦး ပျောက်ဆုံးနေ
DVB
·
July 21, 2018
ရေးမြို့တွင် စက်လှေတိမ်းမှောက်၊ လူ ၁ ဦး ပျောက်ဆုံးနေ
Donate to DVB

မွန်ပြည်နယ်ရေးမြို့နယ် ရေးမြစ်ချောင်းကနေ အုန်းသီး၊ ထင်းနဲ့ ဝါးတွေ တင်ဆောင်လာတဲ့ စက်လှေ ၁ စီး တိမ်းမှောက်ခဲ့မှုကြောင့် စက်လှေမောင်းသူ ပျောက်ဆုံးနေပြီး ဒီနေ့မနက်အထိ ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။

ဇူလိုင် ၂ဝ ညနေပိုင်းက ရေစီးသန်တဲ့ ချောင်းတောင် ရေလွှဲတူးမြောင်းအရောက်မှာ စက်လှေတိမ်းမှောက်ခဲ့တာဖြစ်ပြီး ၃၃ နှစ်အရွယ် စက်လှေမောင်း ကိုဝေလွင်ဦး ပျောက်ဆုံးနေတာပါ။

ချောင်းတောင်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးမြင့်ဆန်း “ရေးမြစ်ရေလည်း ရေစီးသန်ပြီး မြစ်ရေလျှံတက်နေတယ်။ ချောင်းတောင်ကျေးရွာနေ စက်လှေငယ်နဲ့ အုန်းသီးထင်းဝါးတွေ တင်ဆောင်လာတာ၊ ဝဲရှိနေတဲ့နေရာမှာ လှေကတိမ်း မှောက်သွားတော့ လှေပေါ်မှာ အမျိုးသား ၂ ဦးအနက် ၁ ဦးက အခုအထိ ရေထဲ မျောပါပျောက်ဆုံးနေပြီး လိုက်ရှာဖွေလည်း ဒီနေ့မနက်အထိ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေက မိုးအဆက်မပြတ်ရွာသွန်းမှုတွေ အားကောင်းလာတဲ့အခါ ရေးချောင်းဖျားကနေ စီးဆင်းလာတဲ့အခါ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာတာနဲ့အမျှ လူနေအိမ်အနိမ့်ပိုင်း နေထိုင်သူ အိမ်ထောင်စု ၁ဝဝ ကျော်မှ လူပေါင်း ၆ဝဝ လောက် ရေလွတ်ရာ ပြောင်းရွေ့ခိုလှုံနေရပြီး ရေက ဇူလိုင် ၂၁ ရက်နေ့ မနက်အထိ ရေကပြန်လည်ကျဆင်း နေလျက်ရှိတယ်လို့ သိရပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013