DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး အစိုးရရပ်တည်ချက် ဂျပန်ရောက်မြန်မာများ ထောက်ခံဆန္ဒပြ
DVB
·
July 18, 2012
Donate to DVB

ရိုဟင်ဂျာတွေနဲ့  ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂက လက်ခံဖို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုအားလုံးက ဒီနေ့ ညနေပိုင်းက တိုကျိုမြို့ ကုလရုံးရှေ့မှာ တညီတညွတ်တည်း သွားရောက် တောင်းဆိုကြပါတယ်။

တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ထိပါးတဲ့အတွက် ရိုဟင်ဂျာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးထံ လွှဲပြောင်းပြီး သူတို့ကို လက်ခံမယ့် တတိယနိုင်ငံကိုပို့ပေးဖို့ သမ္မတ ဦးသိန်းစိန် အစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နဲ့ ဇူလိုင် ၁၁ ရက်နေ့က တွေ့ဆုံရာမှာ အဆိုပြုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အဆိုပြုချက်ကို လက်ခံအကောင်အထည်ဖော်ဖို့  ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒီနေ့ ညနေပိုင်း တိုကျိုမြို့က ကုလရုံးရှေ့မှာ သွားရောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါ တယ်။

ဒီနေ့ အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများအဖွဲ့ (အေယူအန်) က ဦးဆောင်ခဲ့ပြီး အန်အယ်လ်ဒီလွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ အပါအ၀င် ဂျပန်ရောက် ဒီမိုကရေစီအင်အားစု အဖွဲ့ ၃၀ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

လက်ရှိ ဦးသိန်းစိန် အစိုးရဟာ ရွေးကောက်တင်မြှောက်မခံရဘဲ စစ်တပ်က ၄ ပုံ ၁ ပုံ နေရာယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပေမယ့်လည်း အမျိုးသားအရေးအတွက် လက်ခံနိုင်တဲ့ ဆောင်ရွက် ချက်တွေကိုတော့ ထောက်ခံသွားကြမယ်လို့လည်း ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013