DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအဆင့်မီ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော ဆေးရုံသစ်ကြီး တည်ဆောက်မည်
DVB
·
July 21, 2018
နိုင်ငံတကာအဆင့်မီ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော ဆေးရုံသစ်ကြီး တည်ဆောက်မည်
Donate to DVB

နိုင်ငံတကာအဆင့်မီ နှလုံး၊ ဦးနှောက်နဲ့ အာရုံကြောရောဂါ အထူးကု ၇ ထပ် ဆေးရုံသစ်ကြီးကို လမ်းမတော်မြို့နယ်ရှိ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) ကြားက မြေနေရာမှာ ၂ဝ၁၉ ခုနှစ်မှာ စတင်တည်ဆောက် သွားမယ်လို့ ဒီဆေးရုံသစ်စီမံကိန်းရဲ့ အကြံပေးအရာရှိအချုပ်က ပြောပါတယ်။

ဒီအထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးစီမံကိန်း အသိပေးမိတ်ဆက်ပွဲ အခမ်းအနားကို မနေ့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး နဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ဒီစီမံကိန်းကို ၂ဝ၁၉ ခုနှစ် စတင်တည်ဆောက်သွားမှာဖြစ်ပြီး ၂ဝ၂၁ ခုနှစ်မှာ လုပ်ငန်းတွေ ပြီးစီးမှာ ဖြစ်ပါတယ်။

စီမံကိန်းကို ဂျပန်နိုင်ငံ အစိုးရက ဂျပန်ယန်းငွေ ၈၆၆၁ သန်းကို ဆေးရုံအဆောက်အဦ ဆောက်လုပ်ဖို့နဲ့ ဆေးရုံသုံးစက်ပစ္စည်း အချို့အတွက် ထောက်ပံ့ကူညီမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013