DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 20, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဧည့်မထ ၂၅ မှတ် ဆန်
ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်မှာ ဧည့်မထ ၂၅ မှတ်ဆန်  တအိတ်ကို ၂၀,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၀၇,၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

သီးထပ်ဆန်
သီးထပ်ဆန်ကတော့ တအိတ်ကို ၂၂,၃၀၀ ကျပ်ကနေ ငွေကျပ် ၂၂,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ၂,၅၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တတန်ကို ငွေကျပ် ၄၃၆,၀၀၀ ရှိပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ တတန်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက တတန်ကို ငွေကျပ် ၄၉၃,၀၀၀ ပေါက်ဈေးရှိပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ တပိဿာကို ၁,၃၃၀ ကျပ်ကနေ ၂,၁၆၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကုလားပဲဖြူလုံး
ကုလားပဲဖြူလုံးကတော့ ဒီနေ့မှာ တပိဿာကို ၁,၁၆၅ ကျပ်ကနေ ၁,၂၃၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ တစ်ပိဿာကို ၂၅ ကျပ်ဈေးကျငဆ်းသွားပြီး ဒီနေ့ပေါက်ဈေးက တစ်ပိဿာကို ၄၇၅ ကျပ်ကနေ ၆၀၀ ကျပ်ရှိပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ တပိဿာကို ၆၃၀ ကျပ်ကနေ ၈၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၄၀ ကျပ် ဈေးတက်လာပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ ၂၅ မှတ်တန် ဆန်ကတော့ ဒီတပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပေမယ့် အရောင်းအဝယ် အေးတဲ့အတွက် ဈေးကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဧည့်မထ ၂၅ မှတ်တန် ဆန်က တရုတ်နိုင်ငံက အဓိက ဝယ်ယူနေပေမယ့် လက်ရှိမှာ တရုတ် အဝယ်အေးတဲ့အတွက်ကြောင့် ဈေးက ကျဆင်းသွားခဲ့တာလို့လည်း သိရပါတယ်။ တပတ်အတွင်း တအိတ်ကို ၃၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။

နောက်သီးနှံတခုကတော့ အာလူး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေမှာ တရုတ်နိုင်ငံကနေ ဝင်ရောက်လာတဲ့ အာလူးတွေကြောင့် ဈေးကွက်အတွင်း ပိုလျှံနေပြီး ပြည်တွင်း အာလူးတွေ ဈေးကျဆင်းခဲ့ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ အာလူးတွေကို အဖမ်းအဆီးတွေ လုပ်တဲ့အတွက် ပြည်တွင်း အာလူးဈေးတွေ ပြန်မြင့်တက်လာတာလို့လည်း သိရပါတယ်။ အာလူးတွေက ဇူလိုင် ပထမအပတ်လောက်ကတည်းက တဖြည်းဖြည်း ဈေးတက်လာခဲ့တာ ဖြစ်ပြီး ရက် ၂၀ အတွင်း တပိဿာကို ၂၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013