DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ၄ နှစ်အတွင်း လူပေါင်း ၅၀၀ ခန့် သေဆုံး
DVB
·
July 20, 2018
ဖားကန့်တွင် ၄ နှစ်အတွင်း လူပေါင်း ၅၀၀ ခန့် သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကျောက်စိမ်းလုပ်ငန်း လုပ်ကွက်တွေမှာ ၂၀၁၄ခုနှစ်ကနေ ၂၀၁၈ခုနှစ်အတွင်း မြေပြိုမှုတွေကြောင့် လူဦးရေ ၅၀၀ နီးပါးလောက် သေဆုံးခဲ့တယ်လို့ ဘ၀နှင့်ရင်းသော ကျောက်စိမ်းအမည်ရှိ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် လေးနှစ်တာကာလအတွင်း ဖားကန့်မြို့နယ်မှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး  သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အစီရင်ခံစာကို Humanity Institute အဖွဲ့နဲ့ ကချင်အမျိုးသားလူမှုဖွံဖြိုးရေးဖောင်ဒေရှင်း(ဖားကန့်)တို့က ပူးပေါင်း ရေးသားပြုစုထားတာပါ။

ဖားကန့် ကျောက်စိမ်းလုပ်ငန်းလုပ်ကွက်တွေမှာ ကောက်ခံရရှိခဲ့တဲ့ သတင်းအချက်အလက်အရ ၂၀၁၄ခုနှစ်ကနေ ၂၀၁၈ခုနှစ်အတွင်း လူဦးရေ၅၀၀နီးပါးလောက်သေဆုံးခဲ့ တာကိုတွေ့ရှိရတယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာထုတ်ပြန်တဲ့ Humanity Institute က စီမံကိန်းမန်နေဂျာ  ဦးအိုက်ဇက်အောင်က “လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နောက်ပြီး တော့သေဆုံးသွားတဲ့ အကြောင်းအရာတွေကို ပြည်သူကိုသိစေချင်တယ်။ ပြီးတော့ပြည်သူလူထု၊ အစိုးရနဲ့ ကုမ္ပဏီတွေကနေ သေဆုံးမှုတွေကို ဘယ်လိုေ လျာ့ချမလဲ ဆိုတာကိုလဲသိစေချင်တယ်။ အခုအစိုးရအနေနဲ့လည်း ဖားကန့်မှာ ရေရှည်တည်တံ့တဲ့ ဥပဒေတွေကို ကောင်းမွန်စွာ လုပ်ဆောင်ပေးဖို့ ရည်ရွယ်တယ်”လို့ ပြောပါတယ်။

အစီရင်ခံစာထဲမှာကောက်ခံ ရေးသားထားတဲ့ သတင်းအချက်အလက်တွေဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် ၄ နှစ်တာကာကာလမှ ရယူထားတဲ့ အချက်အလက်တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဖားကန့်မြို့နယ် ဆန်ခါကျေးရွာက မြေကမ်းပါးပြိုကျခဲ့ရာမှာ ဇူလိုင် ၁၈ ရက်နေ့အထိ စုစုပေါင်း မြေပိသေဆုံးသူ အလောင်း ၂၀ ရှိသွားပြီလို့ မြင့်မြတ်သူ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖားကန့် ဒေသက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဓာတ်ပုံဆရာ ၆ယောက်ရဲ့ ဓာတ်ပုံ ၈၀ လောက်ကို Humanity Institute ကျောင်းမှာရှိတဲ့ ပါဟုတ်ဒူဝါခန်းမမှာ ဇူလိုင် ၂၀ ရက်ကစပြီး ၃ရက်ကြာ ဓာတ်ပုံပြပွဲလည်း ပြုလုပ်နေပါတယ်။

ဓာတ်ပုံ- ဇော်မိုးထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013