DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ ဒုက္ခသည်အရေး ဆွေးနွေး
DVB
·
July 18, 2012
ကုလသမဂ္ဂနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ ဒုက္ခသည်အရေး ဆွေးနွေး
1 / 2
Donate to DVB

ထိုင်း-မြန်မာ နယ်စပ်တကြောက ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အတွက် ထိထိရောက်ရောက် ကူညီနိုင်အောင် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က တာဝန်ရှိသူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့က တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီလဆန်း ၆ ရက်နေ့က တွေ့ဆုံပွဲမှာ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

မြန်မာပြည်မှာ လုံခြုံစိတ်ချရတဲ့ တည်ငြိမ်းအေးချမ်းလာရင် ယူအန်အိပ်ခ်ျစီအာ အနေနဲ့ ထိုင်းနဲ့ မြန်မာအစိုးရတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေ ပြန်လည်နေရာချမယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

တိုင်းရင်းသားအဖွဲ့တွေဘက်ကလည်း လတ်တလော ဒေသတည်ငြိမ်မှု မရှိသေးတာကို ထောက်ပြပြီး ဒီဒုက္ခသည်တွေကို အလောတကြီး ပြန်မပို့ဖို့ ပြောဆိုခဲ့ကြတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီရဲ့ ပြောခွင့်ရသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ယူအန်အိပ်ခ်ျစီအာ ကတော့ တည်ငြိမ်အေးဆေးတဲ့အခြေအနေနဲ့ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေရောက်ရင် ယူအန်အိပ်ခ်ျစီအာရယ်၊ ထိုင်းရယ်၊ မြန်မာရယ် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း၊ လုပ်ငန်းတွေ ဘယ်လိုလုပ်သွားမယ်ဆိုတာတွေ ချပြတယ်။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ဒေသတွင်းမှာရှိတဲ့ အခြေအနေတွေ ရှင်းပြတယ်။ ဒုက္ခသည်တွေ ပြန်လည်နေရာချထားဖို့ ဆိုတာကတော့ ဒေသတိုင်းမှာ တည်ငြိမ်တဲ့အခြေအနေတခု တည်ဆောက်ဖို့လိုတယ်။ ဒုက္ခသည်တွေအတွက် ဘ၀အာမခံချက်ရှိလာတဲ့နေ့၊ နောက် သူတို့အတွက် လူမှုဘ၀တိုးတက်ဖို့လည်း လုပ်ပေးရမယ်လေ။ ဒါတွေပြည့်စုံပြီးမှသာ ဒုက္ခသည်ပြန်တဲ့အချိန်ဖြစ်ဖို့လိုတာပေါ့။ အခုက ပထမဆုံးအဆင့်အနေနဲ့တောင် ကျနော်တို့အစိုးရက ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ ပြီးသွားပြီလို့ ပြောနေပေမယ့်လည်း ဒေသတိုင်းလိုလိုမှာ တည်ငြိမ်တဲ့အခြေအနေ မတည်ဆောက်နိုင်သေးဘူး။ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်ဆိုတော့ ဒုက္ခသည်တွေ ပြန်မယ့်အခြေအနေ မဟုတ်ဘူးဆိုတဲ့ အကြောင်း မျှဝေခဲ့တယ်။”

တိုင်းရင်းသားအဖွဲ့တွေက ဒေသအခြေအနေတွေကို ရှင်းပြကြပြီး ကချင်လွတ်လပ်ရေးအဖွဲ့ကလည်း ပြည်တွင်းစစ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ အခြေအနေကို ရှင်းပြခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေပေါင်း ၁ သိန်းခွဲလောက် ရှိတယ်လို့ ထိုင်းမြန်မာနယ်စပ်တလျှောက် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တီဘီဘီစီအဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး António Guterres ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ၅ ရက်ကြာ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲတွေမှာ ဒုက္ခသည်တွေကို နေရပ်ကို အတင်းအကျပ် ပြန်မပို့ဖို့၊ သူတို့သဘောဆန္ဒအရသာ ပြန်ကြဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒုက္ခသည်တွေ အိမ်အပြန်စီမံချက်အောင်မြင်အောင် သူတို့အတွက် လုံခြုံရေး စီးပွာရေးနဲ့ လူမှုရေး အခြေအနေတွေ ဖန်တီးဖို့ အတူတကွ လက်တွဲလုပ်ဆောင်ကြဖို့ အားလုံးက သဘောတူတယ်လို့ မဟာမင်းကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013