DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် ရေကြီးရေလျှံသဖြင့် စာသင်ကျောင်း ၂၅ ကျောင်းပိတ်၊ လူ ၁ ဦးပျောက်ဆုံး
DVB
·
July 19, 2018
တနင်္သာရီတိုင်းတွင် ရေကြီးရေလျှံသဖြင့် စာသင်ကျောင်း ၂၅ ကျောင်းပိတ်၊ လူ ၁ ဦးပျောက်ဆုံး
Donate to DVB

တနင်္သာတိုင်းဒေသကြီးမှာ ဇူလိုင် ၁၈ ရက်နေ့က မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရသလို ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

သရက်ချောင်းမြို့နယ်
မိုးရွာသွန်းမှုကြောင့် တီတွတ်ပြင်ကျေးရွာပါ ၆ ရွာတို့မှာ ရေအနက် ၁/၂ ပေလောက် ဝင်ရောက်နေလို့ စာသင်ကျောင်း ၆ ကျောင်း ခေတ္တပိတ်ထားရပြီး Mytel ဆက်သွယ်ရေးတိုင် ၁ တိုင် ပြိုလဲပျက်စီးခဲ့ပါတယ်။

ပုလောမြို့နယ်
မိုးရွာသွန်းမှုကြောင့် အောက်ပေါင်းကျေးရွာမှာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး၊ ဆိုင်ကယ် ၁ စီး မြေပိပျက်စီးခဲ့ကြောင်း၊ ပိတက်ကျေးရွာနဲ့ မြဒေါင်းကျေးရွာကို ဆက်သွယ်ထားတဲ့တံတားမှာ ၁၅၀ ပေလောက် ရေမျောပါ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ ပိတက်ကျေးရွာနေ ဦးသိန်းစိုး (၅၀-နှစ်)ဟာ ချောင်းအတွင်း မျောပါသွားတဲ့ လှေကို ဆင်းဆယ်ရာမှ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးနေပါတယ်။

မြိတ်မြို့နယ်
မိုးရွာသွန်းမှုကြောင့် အလယ်ချောင်းကျေးရွာပါ ၂ ရွာတို့မှာ ရေဝင်ရောက်နေလို့ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၅၈ ဦးတို့မှာ အလယ်ချောင်းကျေးရွာဘုန်းကြီးကျောင်းကို ပြောင်းရွှေ့ခဲ့ကြောင်း၊ ရေတိုက်စားမှုကြောင့် ရွာသစ်ကျေးရွာအနီးရှိ ကျောက်စီ/အင်္ဂတေနဲ့ ကာရံထားတဲ့ အသေးစားရေတာတမံ ကျိုးပေါက်ပျက်စီးခဲ့ပြီး အုတ်တံတိုင်း အလျား ၆၀ ပေလောက် ပြိုကျပျက်စီးခဲ့ကြောင်းနဲ့ မဇောချောင်း သစ်သားတံတားတိုင် ၁၀ လုံး ရေမျောပါ ပျက်စီးခဲ့ပါတယ်။

ထားဝယ်မြို့နယ်
မိုးရွာသွန်းမှုကြောင့် ကျောက်ရပ်ကျေးရွာပါ ၂ ရွာ၊ ကသန်း-တလိုင်းတောင်ကျေးရွာ ကားလမ်း မိုင်တိုင်(၃/၆-၇) ကြား၊ ထားဝယ်-မေတ္တာ ကားလမ်း မိုင်တိုင် (၁၅) ကီလိုမီတာနဲ့ (၁၃) ကီလိုမီတာတို့မှာ ရေအနက် ၁/၂/၄ ပေလောက် ရေကျော်နေပါတယ်။

လောင်းလုံးမြို့နယ်
မိုးရွာသွန်းပြီး တောင်ကျချောင်းရေ မြင့်တက်မှုကြောင့် ပြင်းထိန်ကျေးရွာချင်းဆက် ကားလမ်း မြေထိန်းနံရံ ၁၀၀ ပေလေက်ပြိုကျပျက်စီးခဲ့ပြီး ရေအနက် ၃ ပေ၊ အလျား ၃၀၀ ပေလောက်၊ ဆင်ပုနစ်ကျေးရွာမှာ ရေအနက် ၂ ပေ၊ အလျား ၅၀၀ ပေလောက် ရေကျော်နေကြောင်းနဲ့ သံလျင်ကျေးရွာပါ ၂ ရွာတို့မှာ သွပ်မိုး၊ အုတ်ကာနေအိမ် ၁ လုံးသစ်ပင်ပိ၊ နေအိမ် ၃ လုံး မြေပိမိ ပျက်စီးခဲ့ပါတယ်။

တနင်္သာရီမြို့နယ်
မိုးရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ချောင်းငယ်ရပ်ကွက်ပါ ၂ ခုနဲ့ သိန္ဓောကျေးရွာပါ ၅ ရွာတို့မှာ ရေအနက် ၄ ပေ ၈ လက်မလောက် ရေဝင်ရောက်နေပြီး အိမ်ထောင်စု ၂၉ စု၊ လူဦးရေ ၁၇၉ ဦး(ကျား ၈၈ ၊ မ ၉၁) တို့ဟာ အ.မ.က (တပ်ဦးကျောင်း)၊ သူဌေးကျွန်း အရှေ့ကမ်းဘုန်းတော်ကြီးကျောင်းနဲ့ ရပ်သာကုန်း ဘုန်းတော်ကြီးကျောင်းတို့မှာ ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။

စာသင်ကျောင်း ၁၉ ကျောင်း ခေတ္တ ပိတ်ထားရသလို ရေခမ်းချောင်း ကျေးရွာချောင်းကူးကွန်ကရစ်တံတား ကျိုးကျ၊ အုတ်တံတိုင်း ၁ ခု (၁၂၀ ပေလောက်) ပြိုကျပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကျွန်းစုမြို့နယ်
မိုးရွာသွန်းမှုကြောင့် တောနောက်လယ် ကျေးရွာမှာ မြေသားတမံ ၁ ခု (အလျား ၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၇ ပေလောက်) ကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013