DVB Logo
Home
မြန်မာသတင်း
ပန်းပုပညာရှင် ၇ ဦး၏ ခေတ်ပြိုင် ပန်းပုပြပွဲ
DVB
·
July 19, 2018
ပန်းပုပညာရှင် ၇ ဦး၏ ခေတ်ပြိုင် ပန်းပုပြပွဲ
1 / 6
Donate to DVB

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ Dream Land Art Studio မှာ ဇူလိုင် ၁၇ ရက် မနက် ၉ နာရီကနေ စတင်ပြီး ''The Door'' Sculpture Show ခေတ်ပြိုင်ပန်းပုပြပွဲကို ပြသနေပါတယ်။

ပြပွဲမှာ အမျိုးသားယဉ်ကျေးမှု နဲ့ အနုပညာတက္ကသိုလ် (မန္တလေး) မှာ မဟာတန်း တက်ရောက်နေတဲ့ ပန်းပုနည်းပြ ဆရာ၊ ဆရာမ ၇ ဦးရဲ့ ခေတ်ပြိုင် ပန်းပုရုပ် ၄၂ ရုပ်ကို ပြသထားပါတယ်။

အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက ''ဒီပြပွဲက ပထမဆုံးပါ။ မဟာဝိဇ္ဇာတန်းမှာ သူတို့ထုဆစ်တဲ့ ပန်းပုရုပ် ၄၂ ရုပ်ကို ပြသထားပါတယ်။ ဒီပွဲက မဟာဝိဇ္ဇာတန်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ကျောင်းနည်းပြဆရာတွေ စုပေါင်းပြသတဲ့ ပွဲလေးဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပန်းပုပညာရပ်ကို ပြည်သူလူထုအကြား နီးစပ်စေဖို့၊ တိုးတက်ပြောင်းလဲလာတဲ့ ပန်းပုပညာရပ်ကို ပြည်သူကိုချပြနိုင်ဖို့၊ ပန်းပုပညာရပ်က သစ်သားနဲ့ ထုဆစ်ပုံဖော်သော ပညာရပ်တခုအဖြစ် မဟုတ်ဘဲ ပလာစတာ၊ သံနန်းကြိုးတွေ၊ ဖိုက်ဘာ စတဲ့ ပစ္စည်းတွေနဲ့ ပုံဖော် ပြုလုပ်နိုင်တယ်ဆိုတာကို ပြည်သူတွေ သိရှိစေဖို့ ရည်ရွယ်ပြီး ပြသနေတာပါ။

အမျိုးသား ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် (မန္တလေး) ပန်းပုဌာန နည်းပြ ဒေါ်ကျော့ကျော့စံက ''ပန်းပုပညာ အနုပညာကို ပြည်သူလူထုနဲ့ နီးစပ်စေချင်တာ အဲဒီရည်ရွယ်ချက်နဲ့ အခုပြပွဲကို လုပ်ဖြစ်တာဖြစ်ပါတယ်။ ပန်းပုမှာဆိုရင် ပြသတဲ့ပွဲတွေက အရမ်းရှားတယ်၊ အဲဟာအတွက်လည်း ပါပါတယ်။ ပြပွဲကို ကျောင်းမှာလုပ်ရင် ရပေမယ့် အနုပညာကို ပြည်သူနဲ့ သိစေချင်တဲ့ နီးစပ်စေချင်တဲ့ဆန္ဒနဲ့ မန္တလေးမြို့မှာ လာပြတာဖြစ်ပါတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။

“The Door” Sculpture Show ခေတ်ပြိုင်ပန်းပုပြပွဲကို ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်ထိ နေ့စဉ် မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပြသမှာ ဖြစ်ပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013