DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက် အခမဲ့ ကြည့်ရှုနိုင်
DVB
·
July 18, 2012
အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက် အခမဲ့ ကြည့်ရှုနိုင်
Donate to DVB

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ အထူးအစီအစဉ်အနေနဲ့  ဗိုလ်ချုပ်ပြတိုက်ကို ဘယ်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်မှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပြတိုက်ကို အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပြသသွားမှာ ဖြစ်ပါတယ်။

ပြတိုက်အတွင်းမှာ ဗိုလ်ချုပ် သုံးစွဲခဲ့တဲ့ အသုံးအဆောင်၊ အ၀တ်အထည်၊ ပရိဘောဂ၊ ဓာတ်ပုံ၊ ဗိုလ်ချုပ် ဖတ်ရှုခဲ့တဲ့ စာအုပ်တွေနဲ့ ဗိုလ်ချုပ်စီးခဲ့တဲ့ မော်တော်ကား စတာတွေကို ကြည့်ရှုခွင့် ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစပြီး ဗိုလ်ချုပ်ပြတိုက်ကို တနင်္လာ၊ အင်္ဂါနဲ့ ပြန်တမ်းဝင် ရုံးပိတ်ရက်တွေမှအပ ကျန်တဲ့ရက်တွေမှာ နေ့စဉ် ဖွင့်လှစ်ပေးထားပြီး ၀င်ကြေးအဖြစ် လူကြီး ကျပ် ၃၀၀၊ သံဃာတော်၊ သီလရှင်နဲ့ ကလေးတွေအတွက် ကျပ် ၁၀၀ သတ်မှတ်ထားပါတယ်။

 

 

 

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013