DVB Logo
Home
မြန်မာသတင်း
ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းက မကွေးတိုင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၆၀၀၀ ခန့်ရရှိ
DVB
·
July 19, 2018
ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းက မကွေးတိုင်း ရန်ပုံငွေ ကျပ်သန်းပေါင်း ၆၀၀၀ ခန့်ရရှိ
Donate to DVB

ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကနေ မကွေးတိုင်းဒေသကြီး ရန်ပုံငွေအဖြစ် ကျပ်သန်းပေါင်း ၆၀၀၀ လောက် ကောက်ခံရရှိခဲ့တယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်တဲ့ အစိုးရသက်တမ်း ဒုတိယတနှစ်တာ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒေသခံ သတင်းထောက်တွေနဲ့ တွေ့ဆုံ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်ကနေ စတင်ကောက်ခံခဲ့တာဖြစ်ပြီး စုစုပေါင်း ကောက်ခံရရှိတဲ့ငွေက ကျပ်သန်းပေါင်း ၅၈၀၀ ကျော် ၆၀၀၀ နီးပါးရှိရာမှာ စည်းကမ်းနဲ့ သုံးစွဲခဲ့တယ်လို့  ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒီဗွီဘီကို ပြောပါတယ်။

ရေနံလက်ယက် တွင်းတိမ် လုပ်ငန်းရှင်တွေက ထပ်ပြီးတော့ သက်တမ်းတိုးချင်တဲ့ သူတွေကို စိစစ်ပြီး၊ နိုင်ငံတော်ကို အခွန်အတုတ်သွင်းဖို့ တာဝန်ကျေတဲ့သူကို သက်တမ်းတိုးပေးခဲ့တယ်လို့လည်း ဝန်ကြီးချုပ် ဒေါက်တာမိုးညိုက ပြောပါတယ်။

အဲ့ဒီ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကို မင်းလှမြို့နယ်၊ သရက်မြို့နယ် ၊မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာ အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို ဘောက်ဆာကားတွေနဲ့ မုံရွာ၊ ကြံခင်း၊ မန္တလေး တို့မှာရှိတဲ့ ရေနံချက်ဖိုတွေကို ပို့ဆောင် ရောင်းချကြရတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013