DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့သည့် ဦးအောင်သန်းဝေကို ရုံးထုတ်စစ်ဆေး
DVB
·
July 19, 2018
ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့သည့် ဦးအောင်သန်းဝေကို ရုံးထုတ်စစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဦးအောင်သန်းဝေကို ဇူလိုင် ၁၈ ရက်က တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီအပတ်ရုံးထုတ် တရားလိုပြသက်သေ ဒု-ရဲအုပ်ကျော်မင်းကို စစ်ဆေးခဲ့ရာမှာ ဦးအောင်သန်းဝေကို အရပ်ဝတ်နဲ့ နောက်ယောင်ခံလျှို့ဝှက်ထောက်လှမ်းခဲ့တဲ့အကြောင်း ထွက်ဆိုခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးကျော်ညွှန်မောင်က ပြောပါတယ်။

“ဒုရဲအုပ် ကျော်မင်းကို စစ်ပါတယ်။ ဒေါက်တာအေးမောင်ကို ရုံးထုတ်တဲ့နေ့က အရပ်ဝတ်နဲ့  လျှို့ဝှက်ထောက်လှမ်းခဲ့တယ်လို့ သူက အဲ့လိုထွက်ဆိုတယ်။ ဒီတော့ ဥပဒေအရကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံသားများရဲ့လုံခြုံမှုများနဲ့ နိုင်ငံသားတဦးကို နောက်ယောင်ခံပြီးတော့ ထောက်လှမ်းတာမျိုး မပြုလုပ်ရဘူးလို့ ဥပဒေပုဒ်မ ၈ မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ အဲ့တော့ ဦးအောင်သန်းဝေက လောလောဆယ် တရားခံ မဟုတ်သေးဘူးလေ။ ဦးအောင်သန်းဝေက ပြည်သူလူထုတယောက်အနေနဲ့ ဒေါက်တာအေးမောင်ကို ၀န်းရံနေတာ။ အဲ့လို ဝန်းရံတဲ့သူကို နောက်အရပ်ဝတ်နဲ့ ထောက်လှမ်းတယ်ဆိုကတည်းက အဲ့ဒီဥပဒေကို ကျူးလွန်ရာ ရောက်တယ်”လို့ပြောပါတယ်။

ဒီအပတ်ရုံးချိန်းမှာတော့ ဦးအောင်သန်းဝေအမှုနဲ့ ပတ်သက်လို့ တရားလွှတ်တော်ကို အာမခံလျှောက်ထားခဲ့ပြီး လာမယ့်အပတ်မှာ အာမခံနဲ့ပတ်သက်လို့ လျှောက်ထားချက်ကို ကြားနားမှာဖြစ်ပြီး တရားရုံးတော်က အာမခံပေးသင့်မပေးသင့်ဆိုတာကို ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

ဒီအမှုကို ဦးတင်မောင်ဆွေရဲ့ တာဝန်ပေးချက်အရ ပြည်နယ်အထွေထွေအုပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းသူက တရားလိုလုပ် တရားစွဲခဲ့တာဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်လို့ အမှုစစ် အပါအဝင် တရားလိုပြသက်သေ ၉ ဦးရှိပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ တရားလိုတဦးဖြစ်သူ ပြည်နယ် အထွေထွေအုပ်ရေးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမင်းသူကို စစ်ဆေးခဲ့ရာမှာ  ဒီအမှုနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘာမှမသိရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဦးအောင်သန်းဝေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အပါအဝင် နိုင်ငံသား ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၁ဝ နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးအောင်သန်းဝေက “ဥပဒေအရာရှိတွေအနေနဲ့ စနစ်ဟောင်းကို လက်ခံကျင့်သုံးတဲ့ စွဲချက်မဖြစ်ဖို့လိုတယ်။ ကျနော်အမှုနဲ့ ပတ်သက်လို့ တရားရုံးမှာ အာမခံလျှောက်ထားတယ်။ အာမခံလျှောက်ထားတဲ့အချိန်မှာ ဥပဒေအရာရှိက ဘာပြောလဲဆိုတော့ စွပ်စွဲသူတရားလိုရဲ့ သဘောထားကို တောင်းခံရမယ်လို့ပြောတယ်။ စွပ်စွဲသူက ကျနော့်ကို ထောင်ကျစေချင်လို့ လုပ်ကြံဖန်တီးပြီးစွပ်စွဲထားတာဗျ။ အဲ့ဒါကို အာမခံရဖို့အတွက် သူတို့ဆီက ခွင့်ပြုချက်တောင်းရမယ်ဆိုတာကတော့ ဒါက တရားဥပဒေနဲ့ ညီညွတ်မှုမရှိဘူး” လို့ ပြောပါတယ်။

Aung Than wai အမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ လူသတ်လက်နဲ့ ရခိုင်ပြည်နယ်အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှုတရားခံ ဘယ်သူလဲ ဆိုတဲ့ စာသားကို ဦးတင်မောင်ဆွေရဲ့ ခါးကြားမှာ သေနတ်ထိုးထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားရင်ဆိုင်နေရတာပါ။

သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013