DVB Logo
Home
မြန်မာသတင်း
ဒု-သမ္မတ စိုင်းမောက်ခမ်း အာဇာနည်နေ့ အခမ်းအနား တက်မည်
DVB
·
July 18, 2012
ဒု-သမ္မတ စိုင်းမောက်ခမ်း အာဇာနည်နေ့ အခမ်းအနား တက်မည်
Donate to DVB

ဇူလိုင် ၁၉ ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

[caption id="attachment_28074" align="alignleft" width="215" caption="ဒေါက်တာစိုင်းမောက်ခမ်း"][/caption]

နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် သတ်မှတ် ကျင်းပမယ့်အကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် အခုလို ဒုသမ္မတ တက်ရောက်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာပါ။

ဒါ့အပြင် ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပုံကို နိုင်ငံပိုင် ရုပ်မြင်သံကြားတွေကနေ တိုက်ရိုက်ထုတ်လွှင့်မယ့်အကြောင်းလည်း ဒီနေ့ထုတ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အရင် န၀တ နအဖ စစ်အစိုးရလက်ထက်မှာ အာဇာနည်နေ့အခမ်းအနားတွေကို ၀န်ကြီးအဆင့်၊ မြို့တော်ဝန်အဆင့်လောက်ပဲ တက်ရောက်ခဲ့ရာက အခု အစိုးရသစ်လက်ထက်မှာ ဒုသမ္မတ ၁ ဦး တက်ရောက်ပြီး နိုင်ငံတော်အဆင့် အခမ်းအနားကျင်းပဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013