အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်သံရုံးပိတ်

ဒီကနေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကို ပိတ်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ သူတို့ ပြောကြားခဲ့တဲ့ စကားလုံးတွေက ကမ္ဘာကြီး ပြောင်းလဲလာစေဖို့အတွက် မျိုးဆက်တွေကို စိတ်ဓာတ်ခွန်အားဖြစ်စေတယ်လို့ ရေးထားခဲ့ကာ ဦးရာဇတ်ရဲ့ ပြောစကားတခွန်းကို ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
“လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်တာဟာ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်တာပဲ။ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်မှုဆိုတာ ခွဲခြားလို့ရနိုင်တဲ့အရာ မဟုတ်ဘူး။”











