DVB Logo
Home
မေးမြန်းခန်း
ပုဒ်မ ၅ ည ဖျက်သိမ်းဖို့ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်လက်ခံ
DVB
·
July 17, 2012
ပုဒ်မ ၅ ည ဖျက်သိမ်းဖို့ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်လက်ခံ
Donate to DVB

ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ စစ်အစိုးရလက်ထက်က  နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချရမှာ  အသုံးပြုခဲ့တဲ့  ပုဒ်မ ၅ ညလို့ လူသိများတဲ့ ၁၉၅၀ အရေးပေါ် အက်ဥပဒေကို ဖျက်သိမ်းပေးဖို့ အဆိုတင်သွင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



[caption id="attachment_28066" align="alignright" width="300" caption="ဦးသိန်းညွန့်"][/caption]

အဲဒီအဆိုကို တင်သွင်းတဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။


“၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုဥပဒေ၊ ဥပဒေကြီးတခုလုံးကို ရုပ်သိမ်းဖို့ ကျနော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်ခဲ့တယ်။ ကျနော်အပါအ၀င် ၈ မဲပဲရတယ်။ ဒီတခါတော့ ကျနော်က အဆိုမတင်တော့ဘူး။ ဥပဒေကြမ်းပဲ တင်လိုက်တယ်။ ဥပဒေကြမ်းမှာလည်း ကျနော်က ၅ ည တခုလုံးကို ရုပ်သိမ်းဖို့မတင်တော့ဘူး။ အထူးသဖြင့် နိုင်ငံရေးသမားတွေ၊ သတင်းသမားတွေအတွက် အန္တရာယ်ရှိတဲ့၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု ဥပဒေမှာ ပုဒ်မက ၇ ခုရှိတယ်။ အဲ့ဒီထဲက ပုဒ်မ ၅ (င) မှာပါတဲ့ မမှန်ဘူးသိတဲ့သတင်းကို လွှင့်ရန် ကြံရွယ်၍ဆိုတဲ့ အပိုဒ်ကိုဖျက်ဖို့ရယ်၊ နောက် ၅ (ည) ပေါ့။ လုံခြုံရေးကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကိုသော်လည်းကောင်း ထိခိုက်ရန်ကြံရွယ်ပြီး လုပ်လျှင်ပေါ့။ အဲ့ ၂ ခုကို ပယ်ဖျက်ဖို့ ကျနော်တင်လိုက်တယ်။

“တင်တဲ့အကြောင်းပြချက်ကတော့ ဒီဥပဒေဟာ ပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၉ ခုနှစ်နဲ့ အခု အခြေအနေမတူတော့ဘူး။ ငြိမ်းချမ်းရေးအခြေအနေရောက်လာပြီ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရလုပ်ဆောင်ချက်ကို မှန်ကန်စွာတင်ပြတာတို့၊ အကျိုးပြုဝေဖန်တာတို့ လုပ်ခွင့်ရှိတယ်။ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု ဥပဒေအရ  ပုဒ်မ ၅ (င) က မမှန်ဟုဆိုပြီးတော့ သတင်းဝေဖန်ချက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ပြီးတော့ တရားစွဲနိုင်တဲ့အတွက် ရှေ့မှာ သတင်းစာဆရာနဲ့ မီဒီယာလုပ်ငန်းတွေကို တရားစွဲခွင့်မရှိဘူး ဒီဥပဒေကို ရုပ်သိမ်းဖို့ပေါ့။ နောက် ၅ (ည) နဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေက ပြစ်မှုဆိုင်ရာဥပဒေထဲမှာလည်းပါတယ်။ အခြားနိုင်ငံတော်နဲ့ပတ်သက်တဲ့ အတိအကျရေးထားတဲ့ ရာဇသတ်ကြီးပုဒ်မတွေလည်းရှိတယ်။ ဒါကြောင့် ၅ (ည) ဟာ အများပြည်သူကြားမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုမှုကို အလွယ်တကူ အရေးယူနိုင်တဲ့အတွက် ဒီဥပဒေ ပြဋ္ဌာန်းခြင်းကို ဒီမိုကရေစီဖော်ဆောင်မှုကဏ္ဍမှာ ဆက်လက် မကျင့်သုံးသင့်တော့ဘူး။ ဒီအပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၇ နဲ့ အပိုဒ် ၁၉ အရလည်း အကာအကွယ်ပေးနိုင်ဖို့ ဒီဥပဒေကို ပြန်ရုပ်သိမ်းပေးနိုင်ဖို့ ဒီနေ့ ကျနော်တင်တာပါ။”

တင်တဲ့အခါမှာ မဲခွဲဖို့ရော လိုသေးလား။

“မဲခွဲဖို့ကို ပြည်ထဲရေးဝန်ကြီး ဒုဝန်ကြီးက ကျနော်တင်တဲ့အချက်ကို သူတို့သဘောမတူဘူးပေါ့။ ဥပဒေအမြင်ကွဲလွဲတာပေါ့။ ဒါပေမယ့် ကျနော့်အဆိုကို လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးဖို့ မကန့်ကွက်ဘူးပေါ့။ အဲဒါကြောင့် ကျနော့်အဆိုက လွှတ်တော်မှာ ဆွေးနွေးခွင့်ရသွားတာပေါ့။”

ဘယ်တော့လောက် ဆွေးနွေးဖြစ်မလဲ။

“အဲဒါကတော့ လွှတ်တော်ဥက္ကဋ္ဌက နောက်ထပ်ကြေညာလိမ့်မယ်။ ဘယ်နေ့ဆွေးနွေးမယ်ဆိုတာ ကျနော့်ဥပဒေကြမ်းကို ဆွေးနွေးခွင့်ရသွားပြီပေါ့။”

အန်ကယ်တင်တာက ကျနော်တို့ကြားတာက ပြင်ဆင်ခွင့်ဆိုပြီး သူတို့ပြောင်းလဲတယ်လည်း ကြားတယ်လေ။

“အဲဒါက ၅ (ည) ကို မဟုတ်ဘူး။ တရားမ၀င်အသင်းအဖွဲ့များကိစ္စကို ပြောတာ။ ကျနော်ဒီနေ့ ဥပဒေကြမ်း ၂ ခု တင်တာကိုး။ ၁၉၀၈ ခု မတရားအသင်းများ အက်ဥပဒေ ၁၇/၁၊ ၁၇/၂ ကို တင်တာပါ။ အဲဒါ တခုလုံးဖျက်သိမ်းဖို့ တင်တာကို။ အခုအချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက်လည်း အတားအဆီးဖြစ်နေတယ်။ နောက် ဒီဥပဒေက ၁၉၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဆောင်ရွယ်မယ့် သူတွေကို နှိမ်နင်းဖို့ ဦးတည်ပြီးတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ ဒါဟာ ပြည်သူ့ဆန္ဒ၊ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေလည်း မဟုတ်ဘူး။ နောက် ဒီဥပဒေကြောင့် တောသူတောင်သားတွေ ဒုက္ခရောက်တယ်။ ဆွေမျိုးတွေကို သွားပြီး တွေ့တာတို့၊ သူတို့ဘယ်သိမလဲ၊ စားသောက်တွေ သွားပို့တာတို့ အဲဒီလိုနဲ့ ထောင်ချခံရတဲ့သူတွေ အများကြီး ရှိတယ်လေ။ အဲဒါတွေ ကျနော် ထောက်ပြခဲ့တယ်လေ။ အဲဒါကို ပြည်ထဲရေးဝန်ကြီးဌာနက ပြန်ရုပ်သိမ်းဖို့ တောင်းဆိုတယ်။ ကျနော်ကလည်း မရုပ်သိမ်းနိုင်ဘူးလို့ ပြောတယ်။ အဲဒီအခါမှာ ကျားဖြူပါတီက ဒေါ်နန်းဝါနုက ၀င်ပြီးတော့ ဒီဥပဒေက ရုပ်တာ မရုပ်တာ အပထား၊ ပြင်ချင်လည်း ပြင်မယ်၊ ရုပ်ချင်လည်း ရုပ်မယ် သို့ပေမယ့် လွှတ်တော်က ဒီကိစ္စကို ဆွေးနွေးသင့်တယ်လို့ တင်ပြတော့ လွှတ်တော်ဥက္ကဋ္ဌက ဒါကို သဘောတူတယ်။ ကျနော့်ကို မေးတော့ ကျနော်က ဒီဥပဒေကို အခု ပြန်မရုပ်သေးပေမယ့် ဆွေးနွေးဖို့ ပြင်သင့်ရင် ပြင်မယ် ဘာညာဆိုတဲ့အချက်ကို ကျနော်လည်း သဘောတူတယ် ဆိုတော့ ဒီလွှတ်တော်ကနေ မတရားအသင်း အက်ဥပဒေကို ရုပ်သိမ်းမလား၊ ပြင်ဆင်မလား သို့မဟုတ် ဒီအတိုင်းထားမလား ဆိုတာ လွှတ်တော်က ဆွေးနွေးပြီးမှ ဆုံးဖြတ်မှာပေါ့။

ဆွေးနွေးမယ်ဆိုရင် လွှတ်တော်ရက်က ပြန်ပြီး ရက် သတ်မှတ်ရမယ့်သဘောပေါ့။

“ဟုတ်တယ်။ ရက်သတ်မှတ်လိမ့်မယ်။ လောလောဆယ် ဆွေးနွေးမယ့်သူတွေ ဘယ်အချိန် လာဆွေးနွေးနိုင်မလဲဆိုတာ နာမည်တွေ တောင်းပြီးပြီ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013