DVB Logo
Home
မြန်မာသတင်း
အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း ရေးဆွဲရာတွင် ကျောင်းသားသမဂ္ဂများ ပါဝင်လို
DVB
·
July 18, 2018
အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း ရေးဆွဲရာတွင် ကျောင်းသားသမဂ္ဂများ ပါဝင်လို
Donate to DVB

အဆင့်မြင့်ပညာရေးဥပဒေမူကြမ်း ရေးဆွဲရာမှာ ကျောင်းသားသမဂ္ဂတွေ ပါဝင်နိုင်ရေးအတွက် ပညာရေးဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့် တောင်းထားတယ်လို့ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်တယောက်က ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ရေးဆွဲနေတဲ့ အဆင့်ပညာရေးဥပဒေဟာ ကျောင်းသားနဲ့ ပြည်သူကို အခြေခံတဲ့ ဥပဒေဖြစ်လာစေဖို့အတွက်လို့ ဆိုပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဝင် ကိုကျော်ဝင်းစိန်က “အခုအချိန်ထိတော့ မူကြမ်းကို ရေးဆွဲနေတယ် ဆိုတာပဲ သိထားရတယ်။ ချပြထားတာ မရှိဘူး။ ဒါကြောင့် မူကြမ်းရေးဆွဲရာမှာ ကျောင်းသားသမဂ္ဂတွေ ဘယ်လိုပါဝင်ခွင့်ရမလဲ ဆိုတာကို ဆွေးနွေးမှာပါ။ စာကတော့ ပို့လိုက်ပါပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်က  ပခုက္ကူတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ တနိုင်ငံလုံးက  တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေရဲ့ မျက်နှာစုံညီအစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်ပါတယ်။

သမဂ္ဂပေါင်း ၆၀ ကျော်ပါတဲ့ အဲဒီအစည်းအဝေးကနေ တွေ့ဆုံညှိနှိုင်းရေးအတွက် ကိုယ်စားလှယ် ၇ ယောက်ကို ရွေးချယ် ဖွဲ့စည်းလိုက်ပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့က ပညာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က ပညာရေးမြှင့်တင်မှုကော်မတီ ကိုယ်စားလှယ်တွေ၊ ပါမောက္ခချုပ်များ ကော်မတီက ကိုယ်စားလှယ်တွေ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်က ကိုယ်စားလှယ်တွေကို တွေ့ဆုံခွင့် တောင်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013