DVB Logo
Home
နိုင်ငံရေး
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
DVB
·
July 18, 2018
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
Donate to DVB

ဦးဘဝင်း (၁၉ဝ၁ – ၁၉၄၇)

ဦးဘဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုအကြီးဆုံးဖြစ်ပြီး ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့က ၁၉ဝ၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ မွေးဖွားပါတယ်။ ညီအစ်ကိုမောင်နှမ ၉ ယောက်ရှိပြီး ငယ်နာမည်က မောင်စံတင် ဖြစ်ပါတယ်။

မြန်မာလို ကိုးတန်းအောင်ခဲ့ပြီး ၁၇ နှစ်အရွယ်မှာ ရေနံချောင်းမြို့ ဆရာဦးဟံသာကျောင်းမှာ လက်ထောက်ဆရာ၊ ဘီအိုစီဂိုဒေါင် စာရေးအလုပ်တွေလုပ်ရင်း အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်း တက်ခဲ့ပါတယ်။ ၁၉၂၄ မှာ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းက ဆယ်တန်းကို သုံးဘာသာဂုဏ်ထူးနဲ့ အောင်ပြီး မန္တလေး ဥပစာကောလိပ်မှာ ဥပစာသိပ္ပံ ဆက်တက်ပါတယ်။ အောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ရာ ၁၉၂၉ ခုနှစ်မှာ သင်္ချာဂုဏ်ထူးတန်း အောင်ပြီး ဘီအက်စ်စီဘွဲ့ ရခဲ့ပါတယ်။

အဲဒီနောက် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းနဲ့ ဖြူးမြို့ အမျိုးသားအထက်တန်းကျောင်းတို့မှာ အထက်တန်းပြဆရာ၊ ဖြူးမြို့ ကေအီးအမ် အမျိုးသားကျောင်းအုပ် လုပ်ခဲ့ပါတယ်။

စစ်ပြီးခေတ်မှာတော့ ရေနံချောင်းမြို့နယ် ဖဆပလဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၄၇ ခုနှစ်မှာ ထောက်ပံ့ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာပါတယ်။

၁၉၄၇၊ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဝန်ကြီးတွေနဲ့အတူ အတွင်းဝန်များရုံးမှာ အစည်းအဝေးလုပ်နေရင်း ဂဠုန်ဦးစော ခိုင်းစေတဲ့ လူသတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013