DVB Logo
Home
မြန်မာသတင်း
ပန်လုံတွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်၍ ဒေသခံများ ထွက်ပြေး (ရုပ်သံ)
DVB
·
July 18, 2018
ပန်လုံတွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်၍ ဒေသခံများ ထွက်ပြေး (ရုပ်သံ)
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)တပ်ဖွဲ့တွေ အကြား ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွားလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြပါတယ်။

ဒေသခံတွေကို နယ်စည်းမခြား ပရဟိတအဖွဲ့အပါအ၀င် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကားနဲ့ တင်ဆောင်ပြီး စစ်ဘေးလွတ်ရာကို ပို့ဆောင်ပေးနေပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသူဒေါ်နန်းထွေးက “နမ္မတူမြို့နယ်​၊ ပန်​လုံ၊မန်​စံ၊  မိုင်းမုရွာ နားတဝိုက်​မှာ အ​ခြေချနေ​တဲ့ RCSS အဖွဲ့ကို SSPP ဦး​ဆောင်​မှုနဲ့ ​မြောက်​ပိုင်း မဟာမိတ်​တပ်​က အ​ကြောင်းမဲ့ ဝင်​​ရောက်​တိုက်​ခိုက်​​နေတာ။ ၁၆  ရက်​​နေ့ကတည်းက ​မြွေမ​သေ တုတ်​မကျိုးဖြစ်​​နေတာ ဒီ​နေ့ ၁၈ ရက်​​နေ့ ​စစ်​​ကြောင်းထပ်​ဝင်​လာလို့ ရုတ်​ရုတ်​သဲသဲ ဖြစ်​​နေတာပါ။ အဲ့ဒီပန်​လုံရွာမှာ ရှမ်းနဲ့  ပ​လောင်​ ရော​နှော​နေထိုင်​တဲ့ရွာ ဖြစ်​ပါတယ်​။ TNLA နဲ့ အဆက်​အသွယ်​ရတဲ့ ပ​လောင်​ရွာသူကြီးက မ​ပြေးဖို့ ​ပြော​နေပါတယ်​။”

ဒီက​နေ့​တော့ အခင်းဖြစ်​​နေရာမှာ အဖွဲ့စုံ​နေပါပြီ အချိန်​မ​ရွေး တိုက်​ပွဲထဖြစ်​နိုင်​မယ့် အ​နေအထားမှာ ရှိ​နေတယ်လို့လည်း ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ၁၆ ရက်နေ့ကတည်းက ကျောင်းတွေ ပိတ်ထားရပြီး လမ်းပန်းဆက်သွယ်ရေးတချို့လည်း ပိတ်ထားတာတွေရှိနေတယ်လို့ဆိုပါတယ်။

နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စုအတွင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဇူလိုင် ၁၆ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာပေါင်း ၆ ရွာက ပြည်သူလူထု ၁၀၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင် နေရပါတယ်။

ရုပ်သံ- Shar Htat Paing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013