DVB Logo
Home
မြန်မာသတင်း
“စမ်းချောင်းဆစ်ကွန်၊ ဆစ်ကွန်စမ်းချောင်း” ရုပ်သံဇာတ်လမ်းတွဲသစ် စတင်ပြသမည်
DVB
·
July 18, 2018
“စမ်းချောင်းဆစ်ကွန်၊ ဆစ်ကွန်စမ်းချောင်း” ရုပ်သံဇာတ်လမ်းတွဲသစ် စတင်ပြသမည်
Donate to DVB

 

 

စမ်းချောင်းဆစ်ကွန် ဆစ်ကွန်စမ်းချောင်း ဇာတ်လမ်းတွဲသစ်ကို ဒီကနေ့ည ၉ နာရီ မှာ မြန်မာ့ရုပ်မြင်သံကြားမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စတင်ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကို ကမာရွတ်မီဒီယာက စီစဉ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးသော SitCom (Situation Comedy) ဇာတ်လမ်းတွဲဖြစ်တယ်လို့ ဆိုပါတယ်။

နာမည်ကြီးစာရေးဆရာမ နုနုရည်အင်းဝရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ရှင်ဒေ၀ီက ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲထဲမှာတော့ စမ်းချောင်းမြို့နယ်ထဲမှာ ဖြစ်ပျက်နေတဲ့ လူမှုဘဝမှာ ကြုံတွေ့နေကြရတဲ့ အဖြစ်အပျက်တွေ၊ အလွဲအချော်တွေကို ဟာသနှောပြီး ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးတွေဖြစ်ကြတဲ့ မေသဉ္ဇာဦး၊ မျိုးသန္တာထွန်း၊ သန်းသန်းစိုးတို့နဲ့အတူ တက်သစ်စသရုပ်ဆောင်သစ်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ခေတ်အခြေအနေတရပ်ကို သရော်ပြီး ထင်ဟပ်မြင်တွေ့စေမယ့် ဆစ်ကွန် ဇာတ်လမ်းတွဲတွေဟာ နိုင်ငံတကာမှာတော့ ရှိနှင့်ပြီးဖြစ်ကာ မြန်မာနိုင်ငံမှာတော့ ဒီဇာတ်လမ်းတွဲက ပထမဆုံးဖြစ်လာတော့မှာ ဖြစ်ပါတယ်။

အပိုင်း ၂၄ ပိုင်း ပါဝင်တဲ့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ Empty Pocket အဖွဲ့ရဲ့ We Are One (စမ်းချောင်းထဲက ဘဝ) သီချင်းဟာလည်း မထွက်လာခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013