DVB Logo
Home
မြန်မာသတင်း
မုဒိမ်းမှုများ မမှန်မကန်တိုင်ကြား အမှုဖွင့်ခဲ့သည့် အမျိုးသမီး၂ ဦးကို အရေးယူ
DVB
·
July 18, 2018
မုဒိမ်းမှုများ မမှန်မကန်တိုင်ကြား အမှုဖွင့်ခဲ့သည့် အမျိုးသမီး၂ ဦးကို အရေးယူ
Donate to DVB

မင်းသားသီဟတင်စိုးကို မုဒိမ်းမှုနဲ့ အရေးယူပေးဖို့ တိုင်ကြားပြီး အမှုဖွင့်ခဲ့တဲ့ တရားလို ဒေါ်ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နဲ့ စေခိုင်းသူ  ဒေါ်ညိုတို့ကို လီဆယ်တိုင်တန်း တာဖြစ်ကြောင်း ဖော်ထုတ်ရရှိလို့ ဥပဒေနဲ့ အညီ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ သီဟတင်စိုးနေအိမ်မှာ ဇနီးဒေါ်ဇင်မာဦးရဲ့ အသက်(၇၅)နှစ်အရွယ် မိခင်ဖြစ်သူအား ပြုစုဖို့ အိမ်အကူ ခင်မာမြင့်(၄၀)နှစ်ကို  အခင်းမဖြစ်မီ (၈)ရက်လောက်က ခေါ်ယူထားရှိခဲ့ရာ ဇူလိုင် ၁၃ ရက်ည ၈ နာရီလောက်မှာ ဒေါ်ဇင်မာဦး အပြင်သို့ သွားနေစဉ် သီဟတင်စိုးက နေအိမ်သို့ ပြန်လာပြီး ခင်မာမြင့်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ သုဝဏ္ဏ နယ်မြေရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်အကူခင်မာမြင့်ဟာ ဒေါ်ညိုရဲ့ ဆက်သွယ်ပေးမှုကြောင့် ဇူလိုင် ၅ရက်က သီဟတင်စိုးနေအိမ်ကို အိမ်အကူလုပ်ဖို့ ရောက်ရှိလာခဲ့ပြီး  ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးက မုဒိမ်းပြုကျင့်ခဲ့ကြောင်း လိမ်ညာ ပြောဆိုဖို့ ဒေါ်ညိုက သင်ပြတဲ့ အတိုင်း လိမ်ညာပြောဆို ကြံစည် အမှု ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

မခင်မာမြင့်အား အိမ်အကူလုပ်ဖို့  ဆက်သွယ်ပေးသူ ဒေါ်ညို(၆၅)နှစ်ကို စစ်ဆေးခဲ့ရာ သီဟတင်စိုးက ခင်မာမြင့်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲစခန်းမှာ အမှုဖွင့်ဖို့နဲ့ ငွေကြေးညှိနှိုင်းပါက ဈေးစကားပြောမယ်လို့ ပြောဆိုခဲ့ပြီး၊ သီဟတင်စိုးရဲ့ ဇနီး ဇင်မာဦးကို နစ်နာမှုအတွက် ငွေကျပ်သိန်း(၁၀၀)ပေးပါက ကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုခဲ့ရာမှာ လိုက်နာခြင်းမရှိလို့ သုဝဏ္ဏနယ်မြေရဲစခန်းမှာ  အမှုဖွင့်တိုင်ကြားခဲ့တာလို့ သိရပါတယ်။

အမှုမှန်ဖော်ထုတ်ရရှိရေး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ကြီးကြပ်ပြီး  အထူးအမှုစစ် အဖွဲ့ ဖွဲ့စည်းကာ တရားလို ခင်မာမြင့်ကို သက်သေတွေနဲ့အတူ စစ်ဆေးခဲ့ရာ ခင်မာမြင့်မှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် မိသားစုစားဝတ်နေရေး အဆင်မပြေတဲ့အတွက် အိမ်အကူ လုပ်ဖို့ ဒေါ်ညိုနဲ့ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိမ်အကူလုပ်ပြီး အိမ်ရှင်ယောက်ျားတွေကို  မြူဆွယ်ပြီး မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ဖို့နဲ့ အမှုဖြစ်ပါက ငွေကြေးညှိနှိုင်းတဲ့ ကိစ္စကို ဒေါ်ညိုက တာဝန် ယူဆောင်ရွက်မှာဖြစ်ကြောင်း ပြောဆိုပြီး ရရှိတဲ့ငွေကြေးကို ခွဲဝေသုံးစွဲမယ်လို့ သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးခဲ့ရာ ခင်မာမြင့်ဟာ လွန်ခဲ့တဲ့ (၄)နှစ်ခန့်က ဒေါ်ညိုရဲ့ ဆက်သွယ်ပေးမှုနဲ့ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်မှာတအိမ်မှာ အိမ် အကူအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ရာမှာ အိမ်ရှင်ရဲ့ ခင်ပွန်းမှာ ဗိုလ်မှူး (ငြိမ်း) ဖြစ်ပြီး အိမ်အကူလုပ်ရင်း အိမ်ရှင်အမျိုးသားကို မြူဆွယ်ဖို့ အဆင်မပြေတဲ့အတွက် ၁ နှစ်ခန့်နေပြီး အလုပ်မှ ထွက်ခဲ့တယ်လို့ဆိုပါတယ်။

ဒုတိယအကြိမ် အိမ်အကူ လုပ်ငန်းကိုလည်း ဒေါ်ညိုမှ ဆက်သွယ်ပေးမှုနဲ့ ပုဇွန်တောင်မြို့နယ် ဈေးအနီးရှိ နေအိမ်မှာ လုပ်ကိုင်ခဲ့ရာ အဆိုပါအိမ်တွင် မြူဆွယ်လုပ်ကြံဖန်တီးဖို့ ယောက်ျားမရှိတဲ့အတွက် အဆင်မပြေကာ အလုပ်မှ ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

တတိယအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညိုရဲ့ အဆက်အသွယ်နဲ့ ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် နေဆန်းရဲ့ နေအိမ်မှာ အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ ကိုနေဆန်းတို့ လင်မယားမှာ ခရီးထွက်နေကြလို့ နေအိမ်မှာ ကလေးတွေနဲ့ ကိုနေဆန်းရဲ့ မိခင်သာကျန်ရှိလို့  မြူဆွယ်ဖို့ အဆင်မပြေဖြစ်ပြီး အလုပ်မှထွက်ခဲ့တယ်လို့ ဆိုပါတယ်။

စတုတ္တ အကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညိုရဲ့ အဆက်အသွယ်နဲ့ ဒဂုံအရှေ့မြို့နယ်၊ (၉)ရပ်ကွက်ရှိ နေအိမ်မှာ လုပ်ကိုင်ခဲ့ကြောင်း၊ ၄င်းအိမ်တွင်လည်း ရောဂါသည်အဖွားအိုတစ်ဦးသာ နေထိုင်ခဲ့ခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ သဖြင့် အလုပ်မှထွက်ခဲ့တယ်လို့ဆိုပါတယ်။ ပဉ္စမအကြိမ်အိမ်အကူလုပ်ငန်းကို တာမွေမြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးတစ်ဦးရဲ့ နေအိမ်မှာ လုပ်ကိုင်ခဲ့ရာ အဆင်မပြေလို့ အလုပ်မှထွက်ခဲ့ကြောင်းရတယ်လို့ ဆိုပါတယ်။

ဆဋ္ဌမအကြိမ် အိမ်အကူလုပ်ငန်းကိုတော့ ပဲခူးဈေးအနီးရှိ တရုတ်လူမျိုးတစ်ဦးရဲ့ နေအိမ်မှာ အိမ်အကူလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၄င်းနေအိမ်တွင် အလုပ်လုပ်တဲ့ ကုလားဆိုသူက ၄င်းအား မုဒိမ်းပြုကျင့်ဖို့ ကြံစည်ခဲ့ရာ မအောင်မြင်လို့ ဒေါ်ညိုအား ပြောပြခဲ့ရာ ဒေါ်ညိုက အဓမ္မ ကျင့်ခံရတယ်လို့ ပြောဆိုဖို့ သင်ပေးပြီး တရုတ်မိသားစုထံမှ လျော်ကြေးငွေတောင်းခံခဲ့ပေမယ့် အဆင်မပြေလို့ ပဲခူးအမှတ် (၃)ရဲစခန်းမှာ မုဒိမ်းမှုနဲ့ မမှန်မကန်လီဆယ် တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဖြစ်စဉ်မျိုး သာကေတနယ်မြေရဲစခန်းမှာလည်း မသင်းသင်းထက်အောင်မှ တရားလိုပြုလုပ်ပြီး ဆရာဝန်တစ်ဦးကို အမှုဖွင့်တိုင်တန်းခဲ့ဖူးတယ်လို့ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013