DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းအမှု နေပြည်တော်တွင် တစ်ပေါင်းတည်း စစ်ဆေးရန် တရားရုံးဆုံးဖြတ်
DVB
·
July 18, 2018
ဖြိုးကိုကိုတင့်ဆန်းအမှု နေပြည်တော်တွင် တစ်ပေါင်းတည်း စစ်ဆေးရန် တရားရုံးဆုံးဖြတ်
Donate to DVB

တရားမဝင်လက်နက်မှုနဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာ တရားစွဲဆိုခံနေရတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်သူတွေကို နေပြည်တော်မှာ တစ်ပေါင်းတည်းစစ်ဆေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်လိုက် ပါတယ်။

ဒီအတွက် ရန်ကုန်မှာ တရားစွဲဆိုခံထားရတဲ့ တရားခံတွေဟာ ဇူလိုင် ၆ ရက်နေ့က နေပြည်တော်ကို တရားဝင်လွှဲပြောင်းရောက်ရှိလာခဲ့ပြီး အမှုအားလုံးကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးက တာဝန်ယူစစ်ဆေးမှုနေတယ်လို့ ဒက္ခိဏခရိုင်တရားရုံးက သိရပါတယ်။

ရန်ကုန်က လွှဲပြောင်းလာတဲ့ တရားခံ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ဦးအနက် အမျိုးသမီးကိုတော့ တရားရုံးက အာမခံနဲ့ ပြင်ပမှာနေထိုင်ခွင့် ပြုထားပြီး အခြားသူတွေကိုတော့ နေပြည်တော် အချုပ်ထောင်မှာ ထားရှိပါတယ်။

ရန်ကုန်က ဖမ်းဆီးထားတဲ့ တရားလိုပြသက်သေတွေ ရောက်ရှိလာခဲ့မယ်ဆိုရင်တော့ လာမယ့် သတင်းပတ် ရုံးချိန်းမှာ စတင်စစ်ဆေးသွားဖို့လည်း စီစဉ်နေပါတယ်။

လက်ရှိအချိန်မှာတော့ တရားလိုပြသက်သေတွေကိုသာ စစ်ဆေးထားရှိပြီး နေပြည်တော်နဲ့ ရန်ကုန်မှာ ဖမ်းဆီးခံထားရတဲ့ တရားခံ အရေအတွက်ဟာ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၂ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013