DVB Logo
Home
နိုင်ငံရေး
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
DVB
·
July 18, 2018
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
Donate to DVB

ဦးအုန်းမောင် (၁၉၁၃- ၁၉၄၇)

အာဇာနည်ခေါင်းဆောင်ကြီး ဦးအုန်းမောင်ကို ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အဖ မစ္စတာ အိပ်ခ်ျဒဗလျူ တရပ်တ်ဂိန်း၊ အမိ ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့ပြီး ဒုတိယသား ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းမှာ တပ်ခွဲ တပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၃၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာတန်းအောင်ပြီး ၁၉၃၇ ခုနှစ်မှာ ဘီစီအက်စ် (B.C.S) ကို ဝင်ရောက်ဖြေဆိုသူ သုံးဦးအနက် ပထမ ရခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ မန္တလေးမြို့ အရှေ့နယ်ပိုင်ဝန်ထောက်အဖြစ် ထမ်းရွက်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ်မှာ မြစ်ကြီးနားအရေးပိုင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီနောက် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး စောစံဘိုးသင်ရဲ့ ဒုတိယအတွင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေး ပြုလုပ်နေချိန် ဂဠုန်ဦးစောရဲ့ နောက်လိုက်များလက်ချက်နဲ့ ကျည်ဆန် ၅ ချက် ထိမှန် ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013