DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်တွင် အထောက်ထားမဲ့ ဝင်ရောက်လာသူ  ၅ ဦးကို ဖမ်းဆီးအရေးယူ
DVB
·
July 18, 2018
မင်းလှမြို့နယ်တွင် အထောက်ထားမဲ့ ဝင်ရောက်လာသူ  ၅ ဦးကို ဖမ်းဆီးအရေးယူ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သခွတ်ရင်းကျေးရွာနဲ့ ခါးဇက်ကျေးရွာကြားမှာ ဇူလိုင် ၁၆ ရက် ညနေ ၅ နာရီခွဲလောက်က အထောက်ထားမဲ့ ဝင်ရောက်လာသူ  ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မင်းလှမြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။

ရေနံမ နယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက “မနေ့ကလည်း ၁၅ ယောက် မိခဲ့တယ်။ အထောက်ထားမဲ့ ခိုးဝင်သူတွေကို ပူးပေါင်းဖော်ထုတ်ဖမ်းဆီးဖို့ ပုသိမ်-မုံရွာ ကားလမ်းတလျှောက် ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်စပ်တဲ့ ကျေးရွာတွေမှာရှိတဲ့ အမာခံ သတင်းပေးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို  သတင်းအချက်လက်တွေ ချပြခဲ့တယ်။ သခွတ်ရင်းကျေးရွာက ရာအိမ်မှူး ဦးမြင့်သိန်းက ကျေးရွာရဲ့ အနောက်ဘက် ၃ မိုင်လောက် အကွာ သခွတ်ရင်းနဲ့ ခါးဇက်ကျေးရွာကြားမှာ မသင်္ကာစရာ လူ ၅ ဦး တွေ့ရှိပြီး ခါးဇက်ကျေးရွာ ရွာလယ်ဇရပ်မှာ ထိန်းသိမ်းထားတယ်လို့ အကြောင်းကြားတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်ပြီး မင်းလှမြို့နယ် လ.ဝ.က ကို ပို့ဆောင်ခဲ့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအထောက်ထားမဲ့ ခိုးဝင်လာသူ ၅ ဦးကို လ.ဝ.က က မှတ်ပုံတင် အက်ဥပဒေနဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်း အထောက်ထားမဲ့ ခိုးဝင်လာသူ ၁၀၅ ဦးနဲ့ အခကြေးငွေယူပြီး ပို့ဆောင်သူ ၉ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013