DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 17, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၂,၂၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်သွားပါတယ်။  မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၃၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၇၅၀  ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအဟောင်းက တအိတ်ကို ငွေကျပ် ၄၇,၇၅၀    ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅၀ ကျပ် ဈေးတက်သွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ငွေကျပ် ၄၄,၅၀၀ ကနေ ၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။  ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၇၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၆၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၃၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၁၃၀,၅၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁၉,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မြင်းခြံကုန်စည်ဒိုင်မှာ နှမ်းညိုက တအိတ်ကို ၁၂၃,၇၅၀ ကျပ်ကနေ ငွေကျပ် ၁၂၄,၉၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ နှမ်းညိုအသစ်က တအိတ်ကို ၁၁၉,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံနဲ့ မုံရွာ တအိတ်ကို ၅,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
ပြောင်းအများဆုံး ထွက်ရှိတဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်း ၅၄ ပိဿာဝင် တအိတ်ကို ၃၁,၈၅၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၁,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကုလားပဲဖြူလုံးကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေး တဖြည်းဖြည်း တက်လာပါတယ်။ ကုန်စည်ဒိုင်တွေကို ပဲအဝင်တွေ နည်းလာပြီး လက်ကျန်ပဲတွေကိုသာ အရောင်းအဝယ် လုပ်နေရတဲ့အတွက် ဈေးက တက်လာတာလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ခုနစ်ရက်အတွင်း ကုလားပဲဖြူလုံးက တအိတ်ကို ၅,၀၀၀ ကျပ်ကျော် ဈေးတက်သွားပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013