DVB Logo
Home
မြန်မာသတင်း
သမ္မတက  စာရေးဆရာ ထက်မြက်ကို မီဒီယာကောင်စီဝင်အဖြစ် အဆိုပြု  
DVB
·
July 17, 2018
သမ္မတက  စာရေးဆရာ ထက်မြက်ကို မီဒီယာကောင်စီဝင်အဖြစ် အဆိုပြု  
Donate to DVB

မီဒီယာသမားတွေနဲ့ စာနယ်ဇင်းသမားတွေအတွက် ရပ်တည်သွားမယ်လို့ မီဒီယာကောင်စီမှာ ပါဝင်ဖို့ သမ္မတက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ် စာရေးဆရာ ထက်မြက်က ပြောပါတယ်။

သူ့ကို မကြာခင် ရွေးကောက်ပွဲလုပ်တော့မယ့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအတွက် နိုင်ငံတော် သမ္မတက အဆိုပြုထားတာ ဖြစ်ပါတယ်။

ကောင်စီမှာ သမ္မတက အဆိုပြုတဲ့ ကိုယ်စားလှယ် တယောက်နဲ့ လွှတ်တော်နှစ်ရပ်က အဆိုပြုတဲ့ ကိုယ်စားလှယ်တယောက်စီပါဝင်တာပါ။

ဆရာထက်မြက်က “ကျနော်ကတော့ မီဒီယာသမားတွေနဲ့ စာနယ်ဇင်းသမားတွေအတွက် ရပ်တည်ဖို့ပဲ စဉ်းစားပါတယ်။ မီဒီယာကောင်စီဆိုတာ မီဒီယာသမားတွေအတွက် ဖွဲ့စည်းတဲ့ကောင်စီလို့ ကျနော် နားလည်တယ်။ အစိုးရဘက်ကရပ်တည်ပြီး မီဒီယာသမားတွေနဲ့ မကျေမလည်ဖြစ်တာမျိုးကတော့ ကျနော်ကတော့ လက်မခံပါဘူး” လို့ ပြောပါတယ်။

သတင်းမီဒီယာ နည်းဥပဒေအရ ကောင်စီကို အယောက် ၃၀ နဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး သတင်းသမား အဖွဲ့အစည်းတွေက ကောင်စီဝင် ၇ ယောက်၊ သတင်းမီဒီယာအဖွဲ့အစည်းတွေက ကောင်စီဝင် ၅ ယောက်၊ တဦးချင်းကိုယ်စားလှယ် ၃ ယောက် ရွေးချယ် တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအေဂျင်စီတွေ၊ ပုံနှိပ်ထုတ်ဝေသူများအသင်း၊ ထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်း၊ ကဗျာဆရာအဖွဲ့အစည်းတွေ၊ ကာတွန်းရုပ်ပြဆရာအဖွဲ့အစည်းတွေက ၁ယောက်စီ၊ စာရေးဆရာအဖွဲ့ အစည်းတွေက ၂ ယောက်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေပါဝင်တဲ့ လူထုအဖွဲ့အစည်းတွေက အဆိုပြုတဲ့ ကိုယ်စားလှယ် ၅ ယောက်၊ သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အဆိုပြုတဲ့ ကိုယ်စားလှယ်  ၁ယောက်စီ ဖြစ်ပါတယ်။

မီဒီယာကောင်စီဝင်အဖြစ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပြုထားတဲ့ ကိုယ်စားလှယ်ကတော့ ပြည်သူ့အရေးဂျာနယ် အယ်ဒီတာ ဦးမော်လင်း ဖြစ်ပါတယ်။

သတင်းနဲ့ပတ်သက်တဲ့ မီဒီယာနဲ့ ပတ်သက်တဲ့ အမှုမျိုး စွဲတော့မယ်ဆိုရင် စွဲတဲ့ သူတွေက မီဒီယာကောင်စီကိုပဲ အရင်ဆုံး အကြောင်းကြားသင့်တယ်လို့ ဆရာထက်မြက်က ဆက်ပြောပါတယ်။

“အစိုးရကပဲ ဖြစ်ဖြစ်၊ တပ်မတော်ကပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိက ကပဲဖြစ်ဖြစ် မီဒီယာကောင်စီက ဝင်ရောက် ဖြေရှင်းနိုင်ဖို့ကို အရင်ဆုံး လုပ်သင့်တယ်လို့ ထင်တယ်။ အမှုကြီးတွေဆိုရင်တော့ မတတ်နိုင်ဘူး ပေါ့ဗျာ။ ဒါပေမယ့် ၆၆ (ဃ)လိုမျိုး၊ ငြိမ်းစုစီလို ဥပဒေမျိုးနဲ့ စွပ်စွဲတာ ဆိုရင်တော့ မီဒီယာကောင်စီက အတတ်နိုင်ဆုံး ပါဝင်ပြီးတော့ အကျေအလည် ညှိနှိုင်းပေးနိုင်ရင် ကောင်းမယ်လို့ ကျနော်ထင်တယ်ဗျ” လို့ ပြောပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲဆိုတဲ့ အမှုမျိုးဆိုရင် ကောင်စီအနေနဲ့ ကြားဝင်ပေးဖို့ မတတ်နိုင်ပေမယ့် သူတို့မိသားစုကို ကူညီတာ၊ အားပေးတာမျိုး လုပ်သင့်တယ်လို့လည်း သူက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေအနေနဲ့  ဇူလိုင် ၂၀ ရက်၊ ညနေ ၄ နာရီနောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြဖို့ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ကြေညာထားပြီး ကောင်စီရဲ့ ဒုတိယအကြိမ် သက်တမ်းအဖြစ် ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013