DVB Logo
Home
နိုင်ငံရေး
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
DVB
·
July 17, 2018
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
Donate to DVB

ဦးရာဇတ် (၁၈၉၈- ၁၉၄၇)

ဦးရာဇတ်ကို ၁၈၉၈ ခုနှစ်၊ ဇန်နဝါရီ ၂ဝ ရက်မှာ ဖခင် တိုက်ပိုင်အင်စပက်တော် မစ္စတာ ရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နဲ့ မိခင် ဒေါ်ငြိမ်းလှတို့က မိတ္ထီလာမြို့မှာ မွေးဖွားခဲ့ပါတယ်။

မောင်မောင်ကြီးဆိုတဲ့ နာမည်ထက် ရာဇတ်ဆိုတဲ့ နာမည်ကိုပဲ လူသုံးများခဲ့ပါတယ်။

မန္တလေးမြို့ ဝက်စလီယန်ကျောင်းမှာ ပညာသင်ယူခဲ့ပြီး ၁၉၁၂ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တယ်။ ကောလိပ်သိပ္ပံကျောင်း အိုင်အေအထက်တန်းတက်ခဲ့ပြီး အင်္ဂလိပ်စာနဲ့ အားကစားဘက်မှာ ထူးချွန်သူလည်း ဖြစ်ပါတယ်။

အဲဒီနောက် ၁၉၂ဝ ကျောင်းသားသပိတ် အရေးတော်ပုံကစပြီး ကျောင်းသားခေါင်းဆောင် တယောက် ဖြစ်ခဲ့သလို မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှာ အင်္ဂလိပ်နဲ့ ပါဠိဘာသာကို သင်ကြားပေးတဲ့ ဆရာ၊ အဲဒီနောက် ကျောင်းအုပ်ကြီးဖြစ်လာပြီး သူ့ရဲ့ကျောင်းမှာ အမျိုးသား အပျော်တမ်းရဲတပ်၊ အမျိုးသားဘင်ခရာတပ်၊ အမျိုးသားရဲညွန့်တပ်တွေကို ဖွဲ့စည်းပေးခဲ့ပါသေးတယ်။

၁၉၄၅ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့ မန္တလေးခရိုင်၊ ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလ) မှာ ပထမဆုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခံရပြီး ၁၉၄၇ ခုနှစ် ဧပြီလမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကနေ မန္တလေးမြို့အရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအဖွဲ့မှာ ပညာရေးနဲ့ အမျိုးသားစီမံကိန်းဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

၁၉၄၇၊ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဝန်ကြီးတွေနဲ့အတူ အတွင်းဝန်များရုံးမှာ အစည်းအဝေးလုပ်နေရင်း ဂဠုန်ဦးစော ခိုင်းစေတဲ့ လူသတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျည် ၆ ချက်သင့်ပြီး မွန်းလွဲ ၁ နာရီ ၃၇ မိနစ်မှာ ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013