DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲမြို့တွင် လူနေအိမ်များနှင့် စာသင်ကျောင်းများ ရေကြီးနစ်မြုပ်နေ
DVB
·
July 17, 2018
လှိုင်းဘွဲမြို့တွင် လူနေအိမ်များနှင့် စာသင်ကျောင်းများ ရေကြီးနစ်မြုပ်နေ
1 / 6
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် တောင်ကျချောင်းရေနဲ့ မိုးရေကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ စာသင်ကျောင်းတွေ ရေကြီးနစ်မြုပ် နေပါတယ်။

ဇူလိုင် ၁၄ ရက်က စပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေ ဖြစ်တဲ့ က၊ ခ၊ ဂ၊ ဃ ရက်ကွက်တွေကို တောင်ကျချောင်းရေနဲ့ မိုးရေတွေဝင်ရောက်ပြီး နေအိမ်နဲ့ ကျောင်းတွေ ရေကြီးနစ်မြုပ်ခဲ့တာပါ။

လှိုင်းဘွဲမြို့(က)ရပ်ကွက် ရာအိမ်မှူး ဦးဝင်းအောင်က “ဒီနှစ်က အခုမှစကြီးတယ်ဆိုတော့ ဘယ်နှရက်လောက် ကြာမလဲ ခန့်မှန်းလို့မထိဘူး။ တစ်ပတ်လောက် ကြာမယ်ထင်တာပဲ။ စားဝတ်နေရေးက ကိုယ်ထူကိုယ်ထ ဖြေရှင်းနေရတာပေါ့။ ဌာနဆိုင်ရာတွေကိုလည်း အားကိုးလို့ မှ မလုံလောက်ပဲ။ ဘုန်းကြီးကျောင်းမှာ ခိုကပ်တဲ့သူလည်း ခိုကပ်နေရတယ်”လို့ ပြောပါတယ်။

လှိုင်းဘွဲမြို့နယ် ကုသရေးဦးစီးဌာန ဌာနမှူးဒေါက်တာ ၀င်းဇော်ဦးက “လက်ရှိ ဒီရပ်ကွက်အနေနဲ့ အဓိက ကျန်းမာရေးပြဿနာတွေ ဘာတွေရှိလဲ။ အဓိက ကတော့။ သူတို့ရဲ့ သောက်သုံးရေတွေ အစားအစာနဲ့ပတ်သက်တာတွေ ကျန်းမာရေးမကောင်းတဲ့သူ ဘယ်နှဦး ရှိလဲဆိုတာ လိုက်ပြီးကြည့်တာ။ ကျန်းမာရေးတော့ အကုန်လုံး ကောင်းတယ်။ လက်ရှိ အခြေအနေကတော့ ဆိုးဆိုးဝါးဝါး မတွေ့သေးဘူး”လို့ပြောပါတယ်။

လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊ ဦးအောင်စိုးမိုးက “အခက်အခဲက ပြောရမယ်ဆိုရင် အမျိုးမျိုး ပေါ့။ ရေဒီလိုကြီးပြီဟေ့ ဆိုရင် သွားလာရအခက်အခဲဖြစ် စားရ၊ နေရ၊ သောက်ရ အခက်အခဲဖြစ် စားဝတ်နေရေးကျတော့ ဒီလိုပဲ ကျပန်းအလုပ်ရှိရင်သွား။ ခလေးကလည်း ငယ်တာနဲ့ စားဖို့အတွက်ကတော့ အခက်အခဲဆုံးပဲ။ ရေစကြီးတာ ဒီတခေါက်က ပိုပြီးတော့ကြီးတာ”လို့ ပြောပါတယ်။

ရေဘေးဒဏ်ခံနေရတဲ့ မိသားစုတွေဟာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ ကမော့က ချူးကျေးရွာရှိ ယာယီကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ခိုလှုံနေရပြီး ကူညီထောက်ပံ့တာတွေလည်း မရှိသေးဘူးလို့  ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ် စာသင်ကျောင်းတွေဖြစ်တဲ့ အခြေခံပညာအထက်တန်း ကျောင်းခွဲ ၁ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ မူလတန်းကျောင်း ၃ ကျောင်း စုစုပေါင်း ကျောင်း ၇ ကျောင်းကို ဇူလိုင် ၁၆ ရက်ကစပြီး ယာယီပိတ်ထားရတယ်လို့ ပြည်နယ် ပညာရေးမှူးက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပါက သံလွင်မြစ်နဲ့ တောင်ကျချောင်း ရေလျှံမှုတွေဖြစ်ပေါ်လာနိုင်ပြီး လက်ရှိအခြေအနေထက် ပိုမိုဆိုးရွာလာနိုင်ပါတယ်။

ပြည်နယ်မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနကတော့ လက်ရှိရာသီဥတု အခြေအနေမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာဖြစ်လို့ ရေကြီးပြီးတောင်ပေါ်ဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်သလို မြစ်ကမ်းနားနေထိုင်သူတွေ အနေနဲ့ မြစ်ကမ်းပါးပြိုမှုတွေဖြစ်ပေါ်နိုင်တဲ့ အတွက်  ဂရုပြုနေထိုင်ကျဖို့ သတိပေးထားပါတယ်။

 

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013