DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ လူနေအိမ် ၃၀ ခန့် ပျက်စီး
DVB
·
July 17, 2018
မြေပုံမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ လူနေအိမ် ၃၀ ခန့် ပျက်စီး
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အတွင်းငခူးချောင်းရွာမှာ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီကျော်လောက်က လေဆင်နှာမောင်း တိုက်ခတ်လို့ နေအိမ် ၂၉ အိမ် ပျက်စီးသွားတယ်လို့ မြေပုံလွှတ်တော်ကိုယ်စားလှယ်က ဒီဗွီဘီကိုပြောပါတယ်။

“လေဆင်နှာမောင်း တိုက်ခတ်လို့ နေအိမ်၂၉ လုံး ပျက်စီးသွားတယ်။ လုံးဝ ပျက်စီးသွားတာက ၆ လုံး ပျက်စီးသွားတယ်။ အခု မိသားစု ၂၉ စု အခက်အခဲ ဖြစ်နေကြတယ်။ အခု လောလောဆယ်မှာတော့  သူတို့ရဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်မှာ နေထိုင်နေကြရတယ်”လို့ မြေပုံမဲဆန္ဒအမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဝင်းက ပြောပါတယ်။

လေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ နေအိမ်တွေကို ထောက်ပံ့ကူညီနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့လည်း  မြေပုံမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ဒီဗွီဘီကို ပြောပါတယ်။

“ပျက်စီးဆုံးရှုံးသွားတဲ့သူတွေ အကူအညီရရှိဖို့ သက်ဆိုင်ရာကို ကြေးနန်းပို့ထားပါတယ်။ လူကယ်ပြန်ဌာနကိုလည်း ကျနော်အကြောင်းကြားထားပါတယ်။ သူတို့ဘက်က လာမယ်လို့ သတင်းပေးထားပါတယ်။ ကျနော်တို့ သက်ဆိုင်ရာဘက်ကလည်း အထောက်အပံ့ပေးဖို့ လုပ်ဆောင်နေပါတယ်။ လူ၊ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူး”လို့ ပြောပါတယ်။

လေဆင်နှာမောင်းဒဏ် ခံလိုက်ရတဲ့ အတွင်းငခူးချောင်းကျေးရွာမှာ နေအိမ် ၂၂၆ လုံး ရှိတယ်လို့  မြေပုံမြို့နယ် အုပ်ချုပ်ရေးရဲ့ စာရင်းအရ သိရပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013