၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဝတ်စုံပြည့်လေ့ကျင့် (ဓာတ်ပုံ)
DVB
·
July 17, 2018

1 / 7
၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဒီကနေ့ မနက်က ဒုသမ္မတ (၁) ဦးမြင့်ဆွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တာဝန်ရှိသူတွေဟာ အာဇာနည်ဗိမာန်မှာ ဝတ်စုံပြည့် လေ့ကျင့်နေတာကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ အတွင်းဝန်ရုံးဟောင်းမှာ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေနဲ့ လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်း ကြည့်ရှုခဲ့ကြတယ်လို့ ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ-YGN Government










