DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပေါ်က သတင်းရပြီး စိတ်ကြွမူးယစ်ဆေးရောင်းချသူကို ဖမ်းမိ
DVB
·
July 17, 2018
ဖေ့စ်ဘွတ်ခ်ပေါ်က သတင်းရပြီး စိတ်ကြွမူးယစ်ဆေးရောင်းချသူကို ဖမ်းမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ WY စိတ်ကြွမူးယစ်ဆေးပြားတွေ ဖြန့်ဖြူးရောင်းချနေသူ ၂ ဦးကို ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဖြူးမြို့မရဲစခန်းက သိရပါတယ်။

ဖြူးမြို့အရှေ့ကျေးရွာအုပ်စု ဦးပုကုန်းကျေးရွာအနီးမှာရှိတဲ့ နေအိမ်တအိမ်မှာ စိတ်ကြွ ရူးသွပ်ဆေးပြားတွေ ဖြန့်ဖြူးရောင်းချနေတဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြတဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။

စိတ်ကြွရူးသွပ်ဆေးပြားတွေ ရောင်းချနေတယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခံရတဲ့ မင်းမင်း(ခ)ဇော်မင်းနဲ့အတူ ဇနီးချိုချိုမာ (ခ) ချိုမာရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၃ ပြား ၁၂.၀၃ ကီလိုဂရမ် ကာလတန်ဖိုး ၆၀၁၅၀၀၀ နဲ့ ငွေစက္ကူရော ၁,၆၆၀,၀၀၀ တို့ကိုတွေရှိခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူထားတယ်လို့ ဆိုပါတယ်။

ဖြူးမြို့မရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက "ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြလာတာဗျ။ အခုဖမ်းမိတဲ့အိမ်မှာ မူးယစ်ဆေးဝါးတွေ ရောင်းချနေပါတယ်ဆိုပြီး ဖော်ပြတာ၊ အဲဒါကြောင့် ကျနော်တို့က သက်သေတွေနဲ့အတူသွားပြီး ရှာဖွေတော့ မိတာပါ။ ဆေးပြားက အပြားရေ ၁၀၀၀ ကျော်ပါ။ သူတို့က တဆင့်ပြန်ရောင်းသူတွေပါ။ လာပြီးပို့တယ်ဆိုတဲ့ သူကိုလည်း ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်နေပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

စိတ်ကြွမူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိတဲ့ မင်းမင်းနဲ့ ချိုချိုမာတို့ကို စစ်ဆေးရာ တောင်ကြီးမြို့မှ ပြောင်ကြီး (ခ) မင်းမင်းစိုးထံက တပြားကို ၂၀၀၀ ကျပ်နဲ့ ဝယ်ယူခဲ့ရပြီး ၅၀၀၀ ကျပ်နဲ့ ပြန်လည်ရောင်းချကြောင်းနဲ့ ပြောင်ကြီး (ခ) မင်းမင်းစိုးမှ ခရီးသည်တင်ယာဉ်နဲ့ မိမိတို့ထံ အရောက်လာရောက်ပို့ဆောင်ပေးကြောင်း စစ်ဆေးရာမှာ ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးပြားတွေ တွေ့ရှိတာနဲ့ ပတ်သက်ပြီး မင်းမင်း (ခ) ဇော်မင်းနဲ့ ချိုချိုမာ(ခ) ချိုမာတို့ကို ဖြူးမြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၁၉ (က)/၂၀(က)/၂၁ တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013