DVB Logo
Home
မြန်မာသတင်း
မင်းသား သီဟတင်စိုးကို မုဒိမ်းမှုဖြင့် စွပ်စွဲအမှုဖွင့်
DVB
·
July 16, 2018
မင်းသား သီဟတင်စိုးကို မုဒိမ်းမှုဖြင့် စွပ်စွဲအမှုဖွင့်
Donate to DVB

အကယ်ဒမီ မင်းသား သီဟတင်စိုးကို ရန်ကုန်မြို့ သုဝဏ္ဏ နယ်မြေရဲစခန်းက မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ စခန်းမှူး ရဲအုပ်သန်းနိုင်က ဒီဗွီဘီကိုပြောပါတယ်။

ဇူလိုင်လ ၁၄ ရက် ည ၁၁ နာရီက တရားလိုဖြစ်တဲ့ ဒေါ်ခင်မာမြင့်ဆိုသူ အသက် ၄၀အရွယ် အမျိုးသမီးတဦးက သုဝဏ္ဏ နယ်မြေရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တာပါ။

ဒေါ်ခင်မာမြင့်ဟာ မင်းသား သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးရဲ့ မိခင်ကို  ပြုစုစောင့်ရှောက်တဲ့ အလုပ်လုပ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

စခန်းမှူး ရဲအုပ်သန်းနိုင်က “အလုပ်လုပ်နေတဲ့ အမျိုးသမီးက ဒေါ်ဇင်မာဦးရဲ့မိခင် ကျန်းမာရေးမကောင်းလို့ စောင့်ရှောက်ဖို့အတွက် ခန့်ထားတဲ့ အမျိုးသမီးက အိမ်မှာ ရှိနေတယ်။ ဦးသီဟတင်စိုးက ဒီလို ပြစ်မှုကျူးလွန်သွားတယ်လို့ လာတိုင်တာ။ အဲဒီတိုင်ချက်အရ ကျနော်တို့ အမှုရေးဖွင့်ပေးထားတာ။ တိုင်ချက်အရ ဦးသီဟတင်စိုးကို ရဲလုပ်ငန်း ဆောင်ရွက်ချက် တခုပြီး တခု ဆောင်ရွက်နေတယ်။ ကျူးလွန်ခံရတယ်လို့ တိုင်ချက်ဖွင့်သူ ဒေါ်ခင်မာမြင့်ဟာ အသက် ၄၀၊ ရေနံချောင်းမြို့၊ ဘဲနန်းရပ်ကွက်မှာ နေတာဖြစ်တယ်။ ရန်ကုန်ကို လာပြီးအလုပ်လုပ်တာ။” လို့ပြောပါတယ်။

ဇူလိုင် ၁၅ နေ့လယ် ၁ နာရီလောက်မှာ စခန်းမှူး ရဲအုပ်သန်းနိုင်နဲ့ ကြီးပွားရေးရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အခင်းဖြစ်ပွားရာနေအိမ်ကို သွားရောက်စစ်ဆေးခဲ့ပေမယ့် စွပ်စွဲခံရသူ သီဟတင်စိုးကတော့ အိမ်မှာရှိမနေလို့ အမှုလာရောက်ရင်ဆိုင်ဖို့ စခန်းက ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

စခန်းမှူး ရဲအုပ်သန်းနိုင်က “သီဟတင်စိုးကို ကျနော်တို့က အရေးယူ ဆောင်ရွက်ပေးဖို့ ပြုလုပ်ပေးတယ်။ နောက်ဆက်တွဲအနေနဲ့ ကျနော်တို့ ရဲလုပ်ငန်းအရ လုပ်သင့်လုပ်ထိုက်တဲ့ စစ်ဆေးမှုတွေကို လတ်တလော ဆောင်ရွက်နေဆဲ ဖြစ်တဲ့အတွက် ဘာကိုလုပ်နေပါတယ် ဆိုတဲ့ အပိုင်းကို တိတိကျကျနဲ့ ပြန်ဖြေဖို့ အချိန်မကျသေးပါဘူး။ ကျူးလွန်တယ်လို့ တိုင်ကြားခံရတဲ့ သီဟတင်စိုး အိမ်ကို ကျနော်တို့ သွားတယ်။ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ကျနော်တို့ အကုန်လုံး လုပ်ခဲ့ပြီးပြီ။ လတ်တလော သီဟတင်စိုးက အိမ်မှာ မရှိသေးတဲ့အတွက် ဒီအပေါ်မှာ ဆက်လက်ဆောင်ရွက်ဖို့အတွက် သူ့ရဲ့အိမ်ကို မှာကြားထားပြီး ဖြစ်တယ်။ ရဲလုပ်ငန်း ကုန်စင်အောင် လုပ်သွားမယ်ဆိုတာ အသိပေး ပြောကြားချင်ပါတယ်။

စွပ်စွဲခံရသူ သီဟတင်စိုးဘက်ကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုချက်တွေ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။  

သတင်း - ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013