DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍတွင် ယုံကြည်မှု ပိုတည်ဆောက်ရန် တပ်ကိုယ်စားလှယ်တိုက်တွန်း
DVB
·
July 16, 2018
နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍတွင် ယုံကြည်မှု ပိုတည်ဆောက်ရန် တပ်ကိုယ်စားလှယ်တိုက်တွန်း
Donate to DVB

ငြိမ်းချမ်းရေးဆွေးနွေးရာမှာ နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍအပါအဝင် အချို့ အချက်တွေဟာ ထိလွယ်ရှလွယ် ဖြစ်နိုင်တာကြောင့် ယုံကြည်မှု ခိုင်မာအောင် ပိုမိုတည်ဆောက်သင့်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောပါတယ်။

“လုံခြုံရေးကဏ္ဍက ဒီမှာဆွေးနွေးတဲ့ ကဏ္ဍ ၅ ခုလုံးက အရေးကြီးပါတယ်။ ဒီထဲက အဓိကကတော့ နိုင်ငံရေးကဏ္ဍတို့ လုံခြုံရေးကဏ္ဍတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တည်ဆောက်မှု တို့က ပိုပြီးကာမှ အဓိကကျတဲ့ အချက်တွေပေါ့။ ကျန်တဲ့ စီးပွားရေးတို့ လူမှုရေးတို့ မြေယာတို့ကတော့ နိုင်ငံတော်တည်ဆောက်ရေးနဲ့ဆိုင်တဲ့ အချက်တွေပိုများတာပေါ့။ နိုင်ငံရေးနဲ့ လုံခြုံရေးကလည်း တဆက်တည်းကို ဖြစ်နေတဲ့အတွက်ကြောင့်မလိုလဲ အဲ့ဒီကဏ္ဍတွေမှာ အဓိကအချက်တွေ ပြေလည်သွားရင် ငြိမ်းချမ်းရေးရသွားမှာပေါ့။ ဒါကြောင့်မို့လို့ လုံခြုံရေးကဏ္ဍ ကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသွားသလို အရေးကြီးပါတယ်။ တကယ်လည်း အချို့အချက်တွေက ထိရှလွယ်တာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို ဒါတွေ သတိထားပြီးတော့ ယုံကြည်မှုတွေကို ပိုမိုတည်ဆောက်ပြီးကာမှ ခိုင်မာလာမှာဖြစ်ပါတယ်။”

ဒီကနေ့ ဇူလိုင်လ ၁၆ ရက် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်ရေး ညီလာခံ - ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးအပြီး သတင်းမီဒီယာအချို့ကို ဖြေကြားခဲ့တာပါ။

တိုက်ပွဲတွေ ရပ်တန်ဖို့နဲ့ ၂ဝ၂ဝ မှာ ငြိမ်းချမ်းရေးရရှိဖို့ဆိုရင် အားလုံးပူးပေါင်းပါဝင်မှုရှိမှ ဖြစ်နိုင်မယ်လို့လည်း ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောပါတယ်။

“ဒီညီလာခံကနေ ငြိမ်းချမ်းရေးသွားနိုင်သလားဆိုရင် ကျနော်ထင်တာတော့ ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတာပေါ့၊ ဒါအပြင် ကျနော်တို့ ပြည်သူလူထုရော ခင်ဗျားတို့ မီဒီယာတွေရောက ဝိုင်းကူလုပ်ဆောင်မှရမှာပေါ့။ ပြည်သူလူထုပါအားလုံးပါဝင်မှ ရမှာဖြစ်ပါ တယ်” လို့ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောပြောပါတယ်။

ဒါအပြင် အန်စီအေမှာ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာဖို့အတွက်လည်း ဆွေးနွေးနေတာတွေရှိပြီး အစိုးရက သီးခြားအဖွဲ့ ဖွဲ့စည်းကာ ဆွေးနွေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက်ကနေ ၁၆ ရက်ထိ နေပြည်တော်မှာ ၆ ရက်ကြာကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွေနဲ့ပတ်သက်တဲ့ အခြေခံမူ ၁၄ ချက်ကို သဘောတူညီမှုရခဲ့ပြီး လုံခြုံရေးကဏ္ဍကတော့ သဘောတူညီချက်တွေ မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013