DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ မောင်သွေးချွန်အား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ၄ ကြိမ်မြောက် ရုံးထုတ်
DVB
·
July 16, 2018
စာရေးဆရာ မောင်သွေးချွန်အား နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ၄ ကြိမ်မြောက် ရုံးထုတ်
Donate to DVB

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စာရေးဆရာ မောင်သွေးချွန်ကို ဒီနေ့ မနက် ၁ဝ နာရီလောက်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တရားရုံးမှာ ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

"လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်စလုံးသည် ခရစ်ယာန်တွေ ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာတွေ အနားမကပ်နိုင်တော့ဘူး။ အဲဒီလိုဖြစ်သွားပြီ။ ကျနော်တို့ တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေတွေ လွှတ်တော်မှာ မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းတော့မယ်"လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ကို ရည်ရွယ်ပြီး မင်းကင်းမြို့နယ် ကျောက်တန်းရွာ ဟောပြောပွဲမှာ မောင်သွေးချွန်က ဟောပြောခဲ့ပါတယ်။

ဒီလိုပြောဆိုချက်နဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးဦးနိုင်နိုင်ဇော် တရားလိုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (ခ)(ဂ) နဲ့ မင်းကင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အမှုဖွင့်ခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်မှာ စာရေးဆရာ မောင်သွေးချွန်က မင်းကင်းမြို့မ ရဲစခန်းကို လာရောက်အဖမ်းခံခဲ့ပြီး မင်းကင်းမြို့နယ် တရားရုံးမှာ ဒီနေ့ မနက် ၁ဝ နာရီအချိန်ခန့်က လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီအမှုအတွက် တရားလိုသက်သေ ၅ ဦး စစ်ပြီးသွားပြီး ၈ ဦးကျန်ရှိပါတယ်။ လာမယ့် ဇူလိုင် ၂၃ ရက်နေ့ စစ်ဆေးဖို့အတွက် ထပ်မံရုံးထုတ် စစ်ဆေးဖို့ ရှိနေတယ်လို့ ဆရာမောင်သွေးချွန် ရုံးထုတ်မှာ လိုက်ပါ ဝန်းရံသူ အမျိုးသားတဦးက ပြောပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013