DVB Logo
Home
မြန်မာသတင်း
အဆိုတော်အစ္စဏီအမှု တရားလိုဘက်က ရုံးပြောင်းလျှောက်ထား
DVB
·
July 16, 2018
အဆိုတော်အစ္စဏီအမှု တရားလိုဘက်က ရုံးပြောင်းလျှောက်ထား
Donate to DVB

မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော်အစ္စဏီအမှုအတွက် တရားလိုဘက်က ပြီးခဲ့တဲ့ ရုံးချိန်းမှာ ရုံးပြောင်းလျှောက်ထားခဲ့ပါတယ်။

ဒါကြောင့် အမှုစစ်ဆေးနေတာကို ခေတ္တဆိုင်းငံ့ထားပြီး လာမယ့် ဇူလိုင် ၂ဝ ရက်မှာ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ရာဇဝတ်မှု အထွေထွေပုဒ်မ ၆၅/၂ဝ၁၈ နဲ့ ရုံးပြောင်း လျှောက်ထားမှုအတွက် လက်ခံသင့် လက်မခံသင်ကို အမိန့်ချမှတ်မှာဖြစ်တယ်လို့ ဒီကနေ့ ၁ဝ ကြမ်မြောက် ရုံးထုတ်မှာ တရားခံရှေ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်ကို တကိုယ်လုံးကို ဖျစ်ညှစ်တာတွေ၊ လက်ချောင်းတွေနဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့ နာကျင်ပြီး သတိမေ့နေတုန်းမှာ နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့ တယ်လို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်။

လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို မုဒိန်းမူ ပြင်းထန်စွာနာကျင်စေမှု တုံးသော လက်နက်နဲ့ ပြင်းထန်စွာနာကျင်စေမှုတွေနဲ့ တာမွေတရားရုံးမှာ ရုံးတင်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013