DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၄ဝဝ ခန့်တန်ဖိုးရှိ ဖမ်းမိမူးယစ်ဆေးများ ထိန်ချန်ထားသည့် ဒုရဲအုပ်ကို ဖမ်းဆီး
DVB
·
July 16, 2018
ကျပ်သိန်း ၄ဝဝ ခန့်တန်ဖိုးရှိ ဖမ်းမိမူးယစ်ဆေးများ ထိန်ချန်ထားသည့် ဒုရဲအုပ်ကို ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဒုရဲအုပ်တဦးထံကနေ ဖမ်းမိမူးယစ်အမှုမှ ထိန်ချန်ထားတဲ့ ကျပ်သိန်း ၄ဝဝ လောက်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က စီတာပူရပ်ကွက်၊ နောင်ရာနယ်မြေမှာ မောင်ဦး (ခ) လွင်ဦးထံကနေ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ဒုရဲအုပ်ဒိုင်ဒေါင်က အားလုံးအပ်နှံခြင်းမရှိဘဲ ထိန်ချန်ထားရှိကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ နေအိမ်နဲ့ ကားကို ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာလို့ ရဲမှူး မြင့်မိုးက ဆိုပါတယ်။

“သူက တရားခံ သယ်ဆောင်လာတဲ့ စောင်အိတ်ထဲက မူးယစ်ဆေးဝါးတချို့ကို ဖယ်ထားပြီး သူ့ကိုယ်ကျိုးအတွက် အသုံးပြုဖို့ ပြုလုပ်ဆောင်ရွက်ပါတယ်။ သူနဲ့အတူ ပူးပေါင်းပါဝင်ဖမ်းဆီးတဲ့ သတင်းပေးအဖွဲ့က ဒီလိုလုပ်တာ အထက်အကြီးအကဲတွေဆီ ပြန်သတင်းပို့ပြီးမှ ဒီဖြစ်စဉ်ကို ကျနော်တို့ သိရတာ ဖြစ်ပါတယ်။”

ဒုရဲအုပ်ဒိုင်ဒေါင် နေထိုင်တဲ့ နေအိမ်အိပ်ခန်းမှာ 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝ ပြားစီပါ ကပ်ခွာအိတ် ၆ဝ အိတ်နဲ့ GDI အမျိုးအစား YGN-9F/---- နံပါတ်ပါ မော်တော်ယာဉ်နောက်ခန်းမှ ၁၉ဝ ပြားစီပါ ကပ်ခွာအိတ် ၁ဝ အိတ်တို့မှ ကာလ တန်ဖိုးငွေ ၃၉၉ဝဝဝဝဝ ကျပ်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၃၃ဝဝ ပြားကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒုရဲအုပ်ဒိုင်ဒေါင်ကို မြို့မရဲစခန်းက မူးစိတ်ပုဒ်မ ၁၉(က)/၁၈(ဃ) မူးယစ်​​ဆေးဝါး ဖမ်းဆီးရမိတဲ့အချိန် အလေးချိန်ကို ထိန်ချန်ပြီး မမှန်မကန်ဖော်ပြမှုနဲ့ အရေးယူတဲ့ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013