DVB Logo
Home
မြန်မာသတင်း
လျှော်ဖြူဈေးနှုန်း ကျင်းဆင်းနေသဖြင့် ပြင်ဦးလွင် တောင်သူများ အခက်ကြုံ
DVB
·
July 16, 2018
လျှော်ဖြူဈေးနှုန်း ကျင်းဆင်းနေသဖြင့် ပြင်ဦးလွင် တောင်သူများ အခက်ကြုံ
Donate to DVB

ပြင်ဦးလွင်မြို့နယ်က လျှော်ဖြူလုပ်ငန်း လုပ်ကိုင်နေတဲ့ တောင်သူတွေနဲ့လုပ်ငန်းရှင်တွေ ဟာ  ဈေးနှုန်းကျဆင်းနေတဲ့အတွက် အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့နယ်၊ ဒီးဒုတ်ရေပြာစန်း လျှော်ဖြူစေးထုတ်လုပ်ရေးလုပ်ငန်းမှ လုပ်ငန်းရှင် ဦးသံချောင်းက "ခုကတော့ ရာသီဥတု သိပ်မကောင်းတော့ အထွက်နှုန်းလည်းနည်းနေတယ်။ ဈေးကွက်က မနှစ်က နတ်တော်လလောက်ကတည်းက စပျက်သွားတာ ခုချိန်ထိပေါ့။ အကျပဲဖြစ်နေတာ၊ အတက်ဆိုတာ ဖြစ်မလာတဲ့အတွက် အခက်ခဲကြုံရတာပေါ့။ လက်ရှိပေါက်ဈေးကတော့ တပိဿာကို (၂၅ဝဝဝ) ကျပ်လောက်ပဲရှိတယ်။ လျှော်ဖြူပျိုးပင်တပင်ကို ၃ဝဝ ကျပ်ပတ်ဝန်းကျင်ရှိတယ်။ တပင်နဲ့တပင်အကွာအဝေး ၁ဝ နဲ့ ၁၅ ပေ အကွာအဝေး စိုက်ပျိုးကြတယ်။ ၃ နှစ်ကျော် ၄ နှစ်လောက်ဆိုရင် အစေးထုတ်ကြတာပါ။ တတ်နိုင်တဲသူတွေက ဈေးကွက်လေး ဘာလေးရှာပေးရင်တော့ အဆင်ပြေတာပေါ့။ လျှော်ဖြူစိုက်တောင်သူတွေနဲ့ အစေးထုတ်တဲ့ တောင်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ လက်ရှိဈေးကွက်မှာ ဓာတုဆေးအသုံးပြုနေတာ တွေ့ရတယ်။ ကျနော်တို့ သဘာဝအတိုင်း စိုက်ပျိုးတဲ့သူတွေ နစ်နာတယ်။ ဖြစ်နိုင်ရင် ဓာတုဆေးလျှောချ အသုံးပြုကြဖို့ အကြံပြုချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ် လျှော်ဖြူစိုက်ပျိုးတဲ့ တောင်သူ ဒေါ်မတုတ်က "ကျမတို့ လျှော်ဖြူဈေးက သဘာဝမြေသြဇာပဲ အသုံးပြုထားတဲ့ လျှော်ဖြူအသန့်ကို စရောင်းရောင်းချင်း ၆၅ဝဝဝ ထိ အမြင့်ဆုံးရောင်းခဲ့ရပြီး၊ တပို့တွဲလထိကို ၄၅ဝဝဝ ကျပ်ထိ ရောင်းခဲ့ရသေးတယ်။ အခုလျှော်ဖြူဒိုင်တွေ ဝယ်နေတာကတော့ ၂၅ဝဝဝ ကျပ်ပဲရှိပြီး ဈေးနှုန်း ဆက်တိုက်ကျဆင်းနေတယ်” လို့ ပြောပါတယ်။

ဈေးနှုန်းကြဆင်းရတဲ့ အကြောင်းရင်းက ကြားပွဲစားတွေက တဆင့်လာဝယ်နေပြီး အဓိက ဓာတုဆေးဝါးနဲ့မြေသြဇာတွေ အသုံးပြုနေကြတာကြောင့်လို့ ဆိုတယ်။

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ လျှော်ဖြူစိုက်ပျိုးရေးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်နေကြတယ်လို့ လျှော်ဖြူလုပ်ငန်းရှင်တွေက သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013