DVB Logo
Home
မြန်မာသတင်း
မြန်မာ-အိန္ဒိယနယ်စပ် သေနတ်သံများကြောင့် သတိပြုသွားလာကြရန် သတိပေး
DVB
·
July 16, 2018
မြန်မာ-အိန္ဒိယနယ်စပ် သေနတ်သံများကြောင့် သတိပြုသွားလာကြရန် သတိပေး
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယဘက်ခြမ်းမှာ သေနတ်သံတွေကြားနေရတာကြောင့် တမူးမြို့က ပြည်သူတွေ သတိပြုသွားလာကြဖို့ ရပ်ကွက်ကျေးရွာတွေကို မနေ့က စာပေးပို့ထားတယ်လို့ တမူးမြို့ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်က ပြောပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ပတ်လည် မိုးရေးနယ်မြေခွဲမှာ ခြောက်လအတွင်း ည ၇ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ၁၄၄ ကို ဇူလိုင် ၇ ရက်နေ့က အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ထားတာပါ။

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ပတ်လည် နယ်စပ်မှ ၃ ကီလိုမီတာ အကွာအဝေးအတွင်း လူ ၅ ဦးထက် ပိုမိုစုဝေးတာ၊ တုတ်၊ လှံ၊ ဓာတုပစ္စည်းနဲ့ သေစေနိုင်တဲ့ လက်နက်ကိရိယာတွေ ကိုင်ဆောင်တာတွေကိုလည်း တားမြစ်ထားပါတယ်။

''အမိန့်ထုတ်ထားတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိမထားမိဘဲ အမှုအမှတ်မဲ့ ဝင်ထွက်မိမှာ စိုးရိမ်လို့ပါ။ အရင်က ဒီလိုထုတ်ပြန်ချက်မျိုး အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့တာမရှိဖူးဘူး။ ညဘက်တွေမှာလည်း သူတို့နိုင်ငံဘက်က သေနတ်သံတွေ ကြားနေရလို့ ဒီဘက်ကပြည်သူတွေကိုလည်း သူတို့ထုတ်ပြန်ချက်တွေကို သိရှိဖို့ ရပ်ကွက်အလိုက် စာပို့အကြောင်းကြားထားတာ” လို့ ဦးမြင့်မောင်ကပြောပါတယ်။

မြန်မာ-အိန္ဒိယ နပ်စပ်တလျှောက် မြန်မာဘက်ခြမ်း တမူးမြို့မှာ ရပ်ကွက်ကြီး ၄ ခုရှိပြီး ရပ်ကွက်တခုမှာ လူဦးရေ ၁ သောင်းကျော်နေထိုင်ကြကာ အဓိကစီးပွားရေးကတော့ မြန်မာဘက်က ထွက်တဲ့ ကွမ်းသီးတွေကို အိန္ဒိယဘက် တင်ပို့ရောင်ချကြတယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အခုအချိန်ထိတော့ အရောင်းအဝယ်ထိခိုက်တာ မရှိသေးဘူးလို့ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးမူတူးက ပြောပါတယ်။

နန်းဖာလုံဈေးရှိ အထည်ရောင်းသူတဦးက အရင်ကလည်း ညနေ ၆ နာရီဆို အိန္ဒိယဘက်ကို အဝင်အထွက်မလုပ်တော့ ထူးထူးခြားခြားမရှိဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013