DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတံတား (မကွေး) တံတား သံဘောင်လှုပ်ခတ်မှု တာဝန်ရှိသူများ စစ်ဆေး
DVB
·
July 16, 2018
ဧရာဝတီတံတား (မကွေး) တံတား သံဘောင်လှုပ်ခတ်မှု တာဝန်ရှိသူများ စစ်ဆေး
Donate to DVB

ဧရာဝတီတံတား (မကွေး) P4 နဲ့ P5 ကြား သံဘောင်တချောင်း အလိုလျောက်လှုပ်ခါနေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် လမ်းတံတားဦးစီးဌာနက ကွင်းဆင်းစစ်ဆေးနေပါတယ်။

မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ် အရှေ့ဘက်မကွေးဘက်အခြမ်းနဲ့ မြစ်အနောက်ဘက် မင်းဘူးဘက်အခြမ်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား (မကွေး) သံဘောင်တချောင်း အလိုလျောက်လှုပ်ခါနေကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့အတွက် ဇူလိုင် ၁၄ ရက်နေ့ နေ့လယ်ပိုင်းက လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူတွေ ကွင်ဆင်းစစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

လမ်းတံတားဦးစီးဌာနမှ မြိုပြအင်ဂျင်နီယာချုပ် ဦးမောင်မောင်ညွှန့်က "လောလောဆယ် အနေအထားအရတော့ စောင့်ကြည့်တဲ့အနေထားပဲ ရှိသးတယ်။ Vertical 6 တိုင် လှုပ်နေတာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ဗွီဒီယိုဖိုင်တင်ထားတာတွေ့လို့ လာရောက်စစ်ဆေးတာဖြစ်တယ်။ ရန်ကုန်ရုံးချုပ်ကလည်း တိုင်းတာရေးအဖွဲ့တွေ လိုက်လာနေပြီ၊ လောလောဆယ်ဖြတ်သန်းသွားလာရေးအတွက် အန္တရာယ်ကတော့ မရှိသေးဘူး။ စစ်ဆေးရေးအဖွဲ့တွေနဲ့ တံတားတိုင်တွေရဲ့ Level တွေ ဖတ်ကြည့်မယ်။ သံဘောင်တွေရဲ့ Stress တွေကို တိုင်းမယ်။ လောလောဆယ် မျက်မြင်တွေ့ရတဲ့ တံတားပတ်ဝန်းကျင်က အခြေအနေတွေကို စစ်နေပါတယ်။ ဆာဗေးလုပ်ဆောင်သွားရန်ရှိပြီး အရည်အသွေးစစ်ဆေးတဲ့ QC အဖွဲ့တွေနဲ့ စစ်ဆေးလိုက်ရင် ဘာကြောင့် ဖြစ်တယ်ဆိုတာ အဖြေပေါ်လာမှာဖြစ်ပြီး ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို လမ်းတံတားဦးစီးဌာန MOC ဝက်ဘ်ဆိုဒ်မှ သတင်းထုတ်ပြန်ပေးသွားမယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

“ညနေပိုင်းဆိုရင် တံတားပေါ်မှာ လမ်းလျှောက်နေကျပါ။ အဲဒီတိုင်လှုပ်တာတွေ့တာ တပတ်လောက်ရှိပြီ။ တခါတခလ အသွား၊ တခါတခလအပြန်မှာ လှုပ်နေတာတွေ့တယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်က တိုင်ကလှုပ်နေတာ ဘာမှန်းမသိဘူးဆိုပြီး တံတားရဲသွားခေါ်ပြီးပြခဲ့ပါတယ်၊ အမြဲတမ်းကြီး လှုပ်နေတာမျိုးတော့မဟုတ်ဘဲ ငြိမ်သွားလိုက် ပြန်လှုပ်လိုက်နဲ့ ဗွီဒီယိုရိုက်ဖြစ်တဲ့နေ့ကတော့ တော်တော်လေးကို လှုပ်လို့ရိုက်ထားမိတာပါ။ အသွားအလာ ရှင်းနေတုန်းမှာကို လှုပ်တာပါ၊ ဘေးတိုင်တွေလည်း မလှုပ်ဘူး၊ ဒီတတိုင်တည်းလှုပ်နေတာပါ။ ပြင်စရာရှိရင်လည်း စောစောပြင်ရင် အချိန်ကုန်ငွေကုန်သက်သာမယ်။ ရှောင်ရမယ်ဆိုရင်လည်း ရှောင်လို့ရအောင် ဗွီဒီယိုင်ဖိုင် တင်လိုက်တာပါ” လို့ လူမှုကွန်ရက်ပေါ် ဗီဒီယိုင်ဖိုင်နဲ့ တင်ပြ အသိပေးခဲ့သူ Ko Ko Moe BlackCat အကောင့်ပိုင်ရှင် မကွေးမြို့ဒေသခံ ကိုမိုး က ပြောပါတယ်။

ဧရာဝတီတံတား (မကွေး)ဟာ စုစုပေါင်းတံတားအရှည် (၈၉၈၉) ပေအရှည်ရှိပြီး ၂ဝဝ၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့တာလို့ လမ်းတံတားဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013