DVB Logo
Home
မြန်မာသတင်း
Miss Myanmar World 2018 အလှမယ် ဟန်တီရဲ့ အလှပုံရိပ်များ
DVB
·
July 16, 2018
Miss Myanmar World 2018 အလှမယ် ဟန်တီရဲ့ အလှပုံရိပ်များ
1 / 7
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တဲ့ Miss Myanmar World 2018 အလှမယ်ပြိုင်ပွဲမှာ ခါးနံပါတ် ၃ အလှမယ် ဟန်တီက အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့ပါတယ်။

    ဒီပြိုင်ပွဲကို ရန်ကုန်မြို့၊ ရေကူးအသံလွှင့်စက်ရုံမှာ ကျင်းပခဲ့တာဖြစ်ပြီး သရဖူဆုရှင် ဟန်တီဟာ လာမယ့် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss World 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

    ဟန်တီဟာ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အနေနဲ့ Miss Supranational 2014 ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတာမို့ ခုထပ်မံသွားရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ဟာသူ့အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် နိုင်ငံတကာပြိုင်ပွဲစင်မြင့်ဆီ ဒုတိယအကြိမ်သွားရောက် ရမှာ ဖြစ်ပါတယ်။

Miss Myanmar World အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက စ တင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာ ၅ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် အလှမယ်ဝိုင်းလေး၊ ၂၀၁၅ ခုနှစ်အတွက် အလှမယ် ခင်ရတနာသိန်းမြင့်၊ ၂၀၁၆ ခုနှစ်အတွက် အလှမယ် မြတ်သီရိလွင်နဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ Miss Myanmar World 2017 ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အိကျော့ခိုင်တို့ကရရှိခဲ့ပြီး နိုင်ငံတကာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - HanThi FB, Miss Myanmar World 2018

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013