DVB Logo
Home
မြန်မာသတင်း
ခန့်စည်သူ၊ ဇေရဲထက်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့ ပါဝင်သည့် ‘ဝိုင်းကြီးချုပ် စပွန်ဆာ’ ဟာသရုပ်ရှင် (နမူနာ)
DVB
·
July 16, 2018
ခန့်စည်သူ၊ ဇေရဲထက်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီတို့ ပါဝင်သည့် ‘ဝိုင်းကြီးချုပ် စပွန်ဆာ’ ဟာသရုပ်ရှင် (နမူနာ)
Donate to DVB

 

နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ဇေရဲထက်၊ စိုးမြတ်သူဇာနဲ့ ရွှေမှုံရတီတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ‘ဝိုင်းကြီးချုပ် စပွန်ဆာ’ အမည်ရတဲ့ မြန်မာဟာသရုပ်ရှင်ကားကို လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေးဆရာ အဆွေတော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

‘ဝိုင်းကြီးချုပ် စပွန်ဆာ’ ဆိုတဲ့အတိုင်း အချစ်ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လို ကမောက်ကမ ဖြစ်ရပ်တွေ၊ အလွဲအချော်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက စောင့်မျှော်ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ တခြားနာမည်ကျော် ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ကျော်နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရုပ်ရှင်ကား အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပြီး ရုပ်ရှင်ကားနမူနာကို ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013