
လစ်လပ်နေတဲ့ ဒုသမ္မတရာထူးအတွက် စိစစ်ရွေးချယ်ရမယ့် ဒုသမ္မတလောင်းအမည်ကို ခုချိန်ထိ မသိရသေးဘူးလို့ ပြည်သူ့လွှတ်တော် သမ္မတ၊ ဒုတိယသမ္မတ စိစစ်ရေးကော်မတီဝင် ဦးဌေးဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်းဖို့ ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တရားဝင် ပြောကြားခဲ့ပေမယ် အခုချိန်အထိ ဒုတိယ သမ္မတအမည်စာရင်း မတင်သွင်းရသေးတာနဲ့ ပတ်သက်ပြီး စိစစ်ရေးကော်မတီဝင် ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို ကိုမင်းလွင်က ဆက်သွယ်မေးမြန်းထားပါတယ်။











