DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေစာပုံပြိုကျမှုကြောင့် ၁၅ ဦးသေဆုံး၊ ပျောက်ဆုံးသူစာရင်း ပေးကြရန် တာဝန်ရှိသူ ပြော
DVB
·
July 15, 2018
ဖားကန့်မြေစာပုံပြိုကျမှုကြောင့် ၁၅ ဦးသေဆုံး၊ ပျောက်ဆုံးသူစာရင်း ပေးကြရန် တာဝန်ရှိသူ ပြော
Donate to DVB

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ မြေစာပုံ ပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦး၊ ၄၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေတယ်လို့  ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးက မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီမှ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံ မနေ့မွန်းလွဲ ၂ နာရီကျော်က ပြိုကျခဲ့တပြိး အမျိုးသားအလောင်း ၁၄ လောင်း အမျိုးသမီးအလောင်း ၁ လောင်းနဲ့ ဒဏ်ရာရရှိသူ ၄၅ ဦးအထိ တူးဖော်ရ ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဒီဗွီဘီကို ပြောပါတယ်။

မြေစာပုံအောက် ပိတ်မိနေသူတွေအား ရှာဖွေမှုကို မနေ့က ညနေ ၅ နာရီခွဲမှာ ရပ်နားထားလိုက်ပြီး ဒီကနေ့မနက်မှာ ဆက်လက်ရှာဖွေနေပါတယ်။

မိမိတို့ ပတ်ဝန်းကျင်မိသားစုတွေဆီက လူပျောက်ခြင်း ရှိမရှိ လာရောက်သတင်းပို့ပေးဖို့ကို ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကိုင်နေတဲ့နေရာတွေ အကုန်လုံးကို လိုက်လံ အသိပေးထားမှုတွေပြုလုပ်နေပါတယ်။

အခု ကမ်းပါးပြိုတဲ့နေရာဟာ ဧပြီလအတွင်းက သက်တမ်းကုန်နေတဲ့လုပ်ကွက်ဖြစ်ပြီး အန္တရာယ်သတိပေး ဆိုင်းဘုတ်တွေလည်း စိုက်ထူထားပြီး အခုဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို လူမှုရေးအရ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဦးဆောင်ပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမယ်လို့ ဖားကန့်မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ၂ဝ၁၈ ခုနှစ်အတွင်း မြေပြိုမှု၊ ကမ်းပါးပြိုကျမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦး ရှိခဲ့ပါတယ်။

အခုကမ်းပါးနံရံပြိုကျမှုဟာ အနီးနားက ကုမ္ပဏီတခုက မိုင်းဖောက်ခွဲပြီး သိပ်မကြာခင် ပြိုကျခဲ့တာလို့ လွတ်မြောက်လာသူတဦးကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013