DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 14, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆ဝ ဝင် တအိတ်ကို ၄၂၆ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ငွေကျပ် ၁၁ဝဝ ကျပ်ဈေးတက်သွားပါတယ်။

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ အဟောင်း  တအိတ်ကို ၄ဝဝဝဝ ကနေ ၄၂ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ  ကျပ် ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၆ဝဝ  ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အဟောင်းက တအိတ်ကို ၄၆၆ဝဝ   ပေါက်ဈေးရှိပြီး တအိတ်ကို ၁၃ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန် သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၃၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၃၁ဝဝ  ကျပ် ဈေး ကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇ ဒသမ ၂၅ ပိဿာ ဝင် တအိတ်ကို ၆၅ဝဝဝ ကနေ ၆၆ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝဝ ကျပ် ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၄၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅ဝဝ  ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၅ဝဝ ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာ ဝင် တအိတ်ကို ၁၃ဝဝဝဝ ကနေ ၁၅၂ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၃၈ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၄ဝဝဝ ဈေးကွာခြားမှုရှိပါတယ်။

ပန်းနှမ်း

မန္တလေးကုန်စည်ဒိုင်မှာ ပန်းနှမ်းက တအိတ်ကို ၅၃ဝဝဝ ကနေ ၅၄ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာလည်း တအိတ်ကို ၄၉၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၄၅ဝဝ ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက တပိဿာကို ၄၂၅ ကနေ ၅၁၅ ကျပ်ပေါက်ဈေးရှိပြီး တပိဿာကို ၁ဝ ကျပ် ဈေးကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄ဝဝ ကနေ ၅၂၅ ကျပ်ပေါက်ဈေးရှိပြီး ဈေး အပြောင်းအလဲ မရှိပါဘူး။

ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၁ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013