DVB Logo
Home
မြန်မာသတင်း
ပြည်နယ်လွှတ်တော်နေရာအများစု ရခိုင်ပါတီများ ပိုင်ဆိုင်သင့်၍ ဝင်မပြိုင်ဟု ကြံ့ခိုင်ရေးပြော
DVB
·
July 14, 2018
ပြည်နယ်လွှတ်တော်နေရာအများစု ရခိုင်ပါတီများ ပိုင်ဆိုင်သင့်၍ ဝင်မပြိုင်ဟု ကြံ့ခိုင်ရေးပြော
Donate to DVB

ရခိုင်လွှတ်တော်မှာ ရခိုင်တိုင်းရင်းသားပါတီအများစု ပိုင်ဆိုင်သင့်တာကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ဝင်မပြိုင်တာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီက ပြောပါတယ်။

အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂ နေရာ လစ်လပ်နေပါတယ်။ ဒါပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ပြယ်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ်တော်နေရာ အများစု ရခိုင်တိုင်းရင်းသားပါတီတွေကပဲ ပိုင်ဆိုင်သင့်တယ်။ ဒါမှလည်း ဒီဒေသနဲ့ အင်ဝင်ခွင်ကျဖြစ်မယ်ဆိုပြီးတော့ ကျနော်ဆုံးဖြတ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အများစု လွှတ်တော်မှာ ဖြစ်စေချင်တဲ့သဘောနဲ့ ကျနော်တို့ ကြားဖြတ်မှာ ဝင်မပြိုင်တော့ဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်” လို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပုံမှန်ဝင်ရောက်ပြိုင်နေကျ တိုင်းဒေသကြီးတွေမှာ ပြည်သူ့လွှတ်တော်နေရာ၊ အမျိုးသားလွှတ်တော်နေရာတွေမှာ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။

အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက ပါတီ ၃ ခုကနေ ဝင်ပြိုင်ဖို့ အမည်စားရင်း တင်းသွင်းထားပြီးတော့ အဲ့ဒီမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတဦးအပါအဝင် စုစုပေါင်း ၄ ဦးဝင်ရောက် ယှဉ်ပြိုင်မယ်လို့ စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးခင်မောင်ဦးကပြောပါတယ်။

"ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၄ ဦး အမည်စာရင်းတင်သွင်းပါတယ်။ အဲ့ဒီမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်ရယ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခင်သန်းမောင်၊ တသီးပုဂ္ဂလ ဦးတင်မောင်ဝင်းတို့ဖြစ်ကြပါတယ်။ အမည်စာရင်းတွေကို ၁၆ ရက်နေ့ကနေ ၂၂ ရက်နေအထိ စိစစ်ပါမယ်။ အဲ့လိုစိစစ်ပြီး အောင်မြင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ သြဂုတ် ၆ ရက်နေ့မှာ ထုတ်ပြန်သွားပါမယ်” လို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း လစ်လပ်မဲ ဆန္ဒနယ် ၁၃ နေရာမှာ ပြုလုပ်သွားမှာပါ။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်အမှတ် ၂ မဲဆန္ဒနယ်မြေအတွက် မဲဆန္ဒပြည်သူ ၅ သောင်းကျော်လောက်ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013